Part-43

3.8K 95 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-43)💜💜💜

"ဒါကဘယ်လိုဖစ်နေကြတာလဲ"

ဒေါသတကြီးထွက်လာတဲ့အသံကြောင့် တစ်ရှူးကိုင်ထားတဲ့လက်က လေပေါ်မှာရပ်တန့်နေသည်

"ဟင် မေမေ အာ့"

အလန့်တကြားနဲ့ ရုတ်တရက်ထလိုက်တော့ နာသွားတဲ့ခြေထောက်ကြောင့်

"ခလေး အရမ်းမထလိုက်နဲ့လေ ထိုင်နေနော်"

"မေမေတို့က ညနေမှပြန်လာမှာဆို"

"မရှည်နဲ့ ဘယ်ချိန်ပြန်လာလာ ပြောစမ်း
သူ ဘယ်သူလဲ"

"ဟို"

"မင်းပြော မင်းဘယ်သူလဲ"

"ဟူးးး"

သက်ပြင်းတချက်ခိုးချလိုက်ပီး

"အန်တီ အန်ကယ် မင်္ဂလာပါ ကျွန်တော် လမင်းဘေဘီရဲ့ချစ်သူပါ"

"ဘာ"

"အော် သမီးရဲ့ဦးဆိုတာပေါ့"

"ဟုက်ပါတယ်ခင်ဗျ"

"ဘာလဲရှင်သိနေလား"

"သမီးလေး ပြောပြဖူးလို့ သိတာ
ကဲကဲ ထမင်းဝိုင်းကြီးမှာ ဧည့်ခန်းမှာစကားပြောရအောင်လေ"

"ဟုက်ကဲ့အန်ကယ် ခလေး ဖြေးဖြေးထ"

ထော့ကျိုးလေးကို တွဲခေါ်ကာ အိမ်ရှေ့ဧည့်ခန်းကို သွားသည် မိဘတေရှေ့မို့ပေါ့ မဟုက်ရင် ပွေ့ချီလိုက်ပီ
လမ်းလျှောက်လို့မဖစ်သေးတာကို

"ခြေထောက်က ဘာဖစ်တာလဲ"

"ဟို မနေ့က ဒေါက်ဖိနပ်စီးပီး ခြေခေါက်သွားလို့"

"ဖစ်ရမယ် ထိုင် မြန်မြန်"

"ကဲပြောပါဦး မောင်ရင့်အကြောင်း"

ဆူနေတဲ့သူ့အမေလေကြောကို သူ့အဖေက ဖြတ်ပြောသည်

"အန်တီ အန်ကယ် ကျွန်တော့ နာမည် နေမင်းသင်္ကေတပါ"

"မင်းက ဘေဘီနဲ့တွဲတာဘယ်လောက်ရှိပီလဲ"

"11လပြည့်ပီးပါပီ အန်တီ"

"ဘာ အာ့ဆို ကျောင်းမတတ်ခင်ကတည်းကပေါ့ ဘေဘီ နင်တော့ သေတော့မယ်"

"မေမေကလဲ"

"ပြောပါဦး မင်းရဲ့ပညာအရည်အချင်း ပီးတော့ ဘာလုပ်လဲ ဘယ်မှာလုပ်လဲ ဘယ်မှာနေလဲ မိဘတေကရော"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now