Part-47

3.7K 75 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-47)💜💜💜

"တီး တီး"

"ကားသံကြားတယ် ဦးတို့လာပီလားမသိဘူး"

"ဟဲ့ ဟဲ့ ဖြေးဖြေးသွားပါ ပြာယာကိုခက်နေတာပဲ"

အိမ်ရှေ့ကို ခုန်ဆွဆွနဲ့ထွက်လာပီး

"ရောက်လာပီလား ဦး"

"ရောက်ပါပီဗျာ မျက်နှာတောင်သစ်ရသေးရဲ့လား"

"သစ်ပီးပါပီနော် 11နာရီတောင်ထိုးနေပီဟာကို "

"အဟက် ဦးက ငပျင်းလေးလားလို့"

"ဟွန့် လူကိုများ လာဘဘ အိမ်ထဲသွားရအောင် အဲ့လူကြီးကို ခေါ်ဘူး"

"အဟား ဟုက်ပါပီ"

ဒယ်ဒီ့ကိုဦးဆောင်ပီး အိမ်ထဲခေါ်သွားသည်
ထူထူးဆန်းဆန်း ဒီတခါတော့ ခြေမျက်စိထိဖုံးတဲ့ ဂါဝန်ရှည်တေဘာတေဝတ်လို့

"ကျွန်တော်တို့ရောက်ပါပီဗျ"

"အော် ထိုင်ကြပါဦး"

"အန်တီ အန်ကယ် ဒါကျွန်တော့ ဒယ်ဒီ ဦးသူရိန်ပါ"

"ဒယ်ဒီ ဒါက ခလေးရဲ့မိဘတေ ဦးထွန်းတောက်နဲ့ ဒေါ်ရတနာ ဒယ်ဒီတော့သိပီးသားထင်တယ်"

"မင်္ဂလာပါကိုသူရိန်"

"မင်္ဂလာပါ မဖိတ်သေးပဲ အတင်းကြီးလာလည်သလိုဖစ်သွားရတာ အားနာပါတယ်ဗျာ"

"အဲ့လိုမဖစ်ပါဘူး အေးအေးဆေးဆေး စကားပြောရင်း အချိန်ဖြုန်းကြတာပေါ့ အားမနာပါနဲ့"

"ကျွန်တော်က ကိုထွန်းတောက်နဲ့ ဒေါ်ရတနာကို လူမမြင်ဘူးပေမယ့် နာမည်က ရင်းနှီးနေပီသားပါ
Jade တို့ Diamondတို့နဲ့လဲအလုပ်တွဲလုပ်နေတာဆိုတော့"

" စီးပွားရေးလောကနဲ့အလှမ်းပြက်နေတာတော့ 25နှစ်ကျော်လောက်တောင်ရှိပီထင်တယ် အသက်မွေးဝမ်းကျောင်းအတွက် အတင်းရုန်းကန်ခဲ့ရလို့ အဲ့ဘက်ကို မလှည့်နိုင်ခဲ့ပါဘူးဗျာ"

"ဘာပဲဖစ်ဖစ် ကိုထွန်းတောက်လို့ပြောလိုက်တာနဲ့ အရမ်းတော်ခဲ့တဲ့လူငယ်စီးပွားရေးသမားမှန်း တန်းသိကြပါသေးတယ် "

"အဟင်း ဒါတေက အတိတ်ဖစ်သွားပါပီဗျာ အရင်က စတော့ဈေးကွက်အတတ်အကျတေစိတ်ဝင်စားခဲ့ပေမယ့်
အခုတော့ ကုန်ဈေးနှုန်း ဟင်းသီးဟင်းရွက်ဈေးနှုန်းတေပဲ စိတ်ဝင်စားတော့တယ် ဟားဟား"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now