Part-66

4K 90 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
  💜💜💜(အပိုင်း-66)💜💜💜

"အန်တီ အန်ကယ် ကျွန်တော်တို့ လာတာနောက်ကျသွားပါတယ်"

"ရပါတယ်ကွာ အလုပ်ကလဲ အရေးကြီးတာပဲကို"

"ခလေး လာ ကန်တော့ရအောင်"

ဖေဖေမေမေတို့ရှေ့ လက်အုပ်ချီကာ ကန်တော့ရင်း

"အန်တီနဲ့ အန်ကယ် နှစ်ယောက်လုံး အပေါ်မှာ ကျွန်တော်မှားခဲ့တာရှိရင် ခွင့်လွှတ်ပေးပါ"

"ဟုက်ပါပီ ထတော့နှစ်ယောက်လုံး"

"ဟုက်ကဲ့ အန်ကယ်"

"အခေါ်အဝေါ်လေးလဲ ပြောင်းတော့ သားမက်တော်ချင်တာမလား သား"

"ဟုက် ဖေဖေ မေမေ"

"ဘာမေမေလဲ"

"မေမေကလဲ"

"ဟားဟား ဟား အခွီပါဟယ် "

"ရှူး မရီရဘူးလေ ခလေး"

"နေ့လည်စာစားပီးကြပီလား"

"မစားရသေးဘူး မေမေ"

"စားကြမယ်လေ ဖေဖေတို့လဲ မစားရသေးဘူး"

"ဟုက်"

ထမင်းစားခန်းမှာ လူကြီးတေမျက်စိနောက်မှာစိုးလို့ တစ်ပန်းကန်စီစားပေမယ့် ဘေဘီ့ပန်းကန်ထဲကို အသားနွင်ထည့်ပေးလိုက် ဟိုဟာထည့်ပေး ဒီဟာထည့်ပေး အလုပ်ရှုပ်နေပုံကို ဦးထွန်းတောက် သူ့မိန်းမအား မျက်စလှမ်းပစ်ပြသည်

"မင်္ဂလာဆောင်ဖို့ ဘယ်လိုစီစဉ်ထားလဲ သား"

သားလို့ခေါ်နေပုံကို သင်္ကေတ ပြုံးမိရင်း

"အကုန်စီစဉ်ထားတယ် ဖေဖေ နောက်တပက်ထဲဆောင်ဖစ်မယ် ထင်တယ် ဟိုတယ်ကပီးနေပီ"

"အင်း"

"အခမ်းအနားက ချက်ချင်းလုပ်လိုက်လို့ရပေမယ့် ခလေးရဲ့ဝတ်စုံဘာညာက ပညာရှင်တေ စိတ်နှစ်ပီးဖန်တီးရတာမို့ အချိန်နဲနဲပေးရတယ်"

"ဟုက်ပါပီ"

"မင်္ဂလာမဆောင်ခင်အထိ ဘေဘီက ငါတို့နဲ့နေရမှာနော်"

"ဗျာ"

"မေမေ ဘေဘီတို့လက်မှတ်ထိုးပီးနေပီနော်"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now