အပိုင်း (၂)

17K 1.2K 95
                                    


{Unicode}

... F××king be mine...

နောက်တစ်နေ့...

နံနက် ၈နာရီ ၃၀မိနစ်...

"အငယ်လေး သေချာစစ်နော်...။ တစ်ခုခု ကျန်နေခဲ့လို့ ပြန်ယူရရင် အငယ်ပဲ ပင်ပန်းမယ်။"

"ဟုတ်ကဲ့... အယာ အကုန်လုံး ညကတည်းက ပြင်ပြီးသားပါ မမရာ။"


ဒီအလှလေးကတော့ လုပ်ပြန်ပြီ ထုံးစံအတိုင်း အပြုံးလေးဖြင့် လူကို စိတ်ပျော့အောင် လုပ်ပြန်သည်။ သူ့ကြောင့် တစ်ချက် ပြုံးလိုက်မိပြီး သူ့ပါးပြင်ကို ဖျစ်လိုက်မိသည်။

"ကျောင်းမှာ... တစ်ခုခု လိုအပ်တာရှိရင် မမကို ပြောနော်။ သူငယ်ချင်းတွေ ထားရင်လည်း အငယ့်အပေါ် တကယ်ခင်ချင်တဲ့ သူကိုပဲ ထားနော်။"

"ဟုတ်ပါပြီ မမ...။ အယာ သိတယ်နော်။ ပြီးတော့ ကျောင်းက ဆီများနဲ့ မုန့်တွေ... အချိုများတဲ့ မုန့်တွေ မစားနဲ့...။ ပြီးတော့ အဓိက အချက်.... ချစ်သူမထားနဲ့...။ အယာ သိပါတယ် မမရယ်...."

"ဟုတ်ပါပြီကွာ... မမက အငယ်လေးကို စိတ်ပူလို့...။ ရည်းစားမထားစေချင်တာထက် မောင်လေးထားတဲ့ ရည်းစားက မောင်လေးအပေါ် မကောင်းမှာ စိုးလို့ပါ။ ပြီးတော့ ဒီအချိန်လို ပေါ့ပေါ့ပါးပါးမှာ ဘာခံစားချက်နဲ့မှ အဆင်မပြေနိုင်ဘူး။ အချစ်ဆိုတဲ့ အရာကို ဒီအချိန်မှာ လက်ခံလိုက်ရင် ကိုယ့်ရဲ့ ခံစားမှုက လေးပြီး ရင့်သွားသလိုမျိုးမို့....။"

"အဟင်း... အယာ သိပါတယ်... မမရယ်။ စိတ်ချပါနော် အယာ လိမ္မာပါ့မယ်။ ဒါဆို အယာတို့ သွားရအောင်နော်...။ ဖေဖေက ဟိုမှာ စောင့်နေတယ်ဗျ..."

သွက်သွက်လက်လက်လေးနဲ့ ဒီကလေးလေးက ပုံမှန်ထက်ကို ထူးခြားလွန်းတဲ့ ရုပ်ရည်လေးက အများအကြား ထင်ပေါ်နေသည့်အထိပင်....။
ကြောက်ပါသည်...
ဒီအဖြူထည်လေးကို အချိန်မတန်ခင် ညစ်ညမ်းစေမှာမျိုး...။ ခေါက်ရိုးကျပြီး အဖြူရောင်ကိုမှ အရမ်းမတောက်ဘဲ မျက်လုံးထဲ အေး၍...။ သူ့အသားရောင်က သူ့အင်္ကျီအဖြူရောင်နဲ့ပင် တစ်သားတည်း ဖြစ်လောက်သည့်အထိ ဖြူနုသည်။

My Personal Property(Complete)Where stories live. Discover now