အပိုင်း (၂၈)

9.3K 483 11
                                    

{Unicode}

... I'm yours...
Careful you are extreme hot...

ညပိုင်း....

တောင်တန်းများနှင့်အတူ မြူတွေ ဆိုင်းကာ ရှိနေသည်။ အလွန်ချမ်းအေးသည့် ဒီဒေသ၌ တစ်နေ့လုံး နေရောင်ကို မမြင်ရသည့်အကြား ထင်းရှုးပင် အုံ့အုံ့ဆိုင်းဆိုင်းများကြောင့်... တစ်နေ့လုံး အနွေးထည်ကို ၀တ်ထားရသည်။  ထိုင်နေသည့် သူ... ။ တစ်နည်းအဖြင့် ဒီနေ့မှ စေ့စပ်ပြီးစီးထားသည့် ကျွန်တော့်အမျိုးသားပင်.....။

နှစ်ယောက်သား အိမ်တော် ဘေးနားက အစ်ကို့အိမ်ငယ်လေး၌ ရှိနေသည်။ အပြင်မှာတော့ မိုးတဖြောက်ဖြောက်ဖြင့်... အစ်ကိုကတော့ နည်းနည်းရောနေပေမယ့် ကျွန်တော်ကတော့ အစ်ကို့အမြည်းများကိုသာ အချိုရည်နှင့် တွဲသောက်နေမိသည်။

"ဒီကို လာဦး..."

အစ်ကိုက အချိန်အတော်ကြာ သောက်ပြီး အရှိန်ရပြီးသည့် နောက်မှာတော့ ကျွန်တော့်ကို သူ့အနားသို့ ခေါ်သည်။ အစ်ကို့ပုံစံက အေးဆေးတည်ငြိမ်စွာဖြင့် ရှိနေပေမယ့် တကယ်တော့ အစ်ကို့ထံမှ အပူငွေ့ငွေ့ကို ခံစားနေမိသည်။ ကျွန်တော့်ခါးကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ပြီး နောက်မှာတော့...

"... ဒီနေ့ည စိတ်ထဲ ရှိနေတာတွေ အကုန် အမှန်တိုင်း ပြောကြရအောင်..."

"ဟုတ်ကဲ့ အစ်ကို..."

"ဒါဆို အယာ အရင်မေးလေ..."

"အစ်ကို အယာ့ကို ချစ်တယ်မလား?"

"ကျစ်~~ အဲ့ဒါက မေးစရာလိုသေးလို့လား? ငါလုပ်ရင် သေဦးမယ်..."

"မဟုတ်ပါဘူး... ဒီအတိုင်း အယာ့အပေါ် အစ်ကို စိတ်အဆင်ပြေရဲ့လားပဲ သိချင်တာလေးပါ..."

"တောက်!
အဆင်မပြေလို့ ဟုတ်လား? ချစ်လွန်းလို့ ဒီကျားက မင်း ဘယ်ရောက်ရောက် ခုန်အုပ်နေတာလေ..."

အစ်ကို့ထံမှ ထိုစကားထွက်လာချိန်မှာတော့ ကျွန်တော် နောက်ထပ် ဘာမှမမေးတော့ဖို့ ပြင်မိလိုက်သည်။ ထိုအချိန်မှာတော့ အစ်ကိုက....

"ငါ့အကြောင်းကို ဘာလို့ မမေးတာလဲ?"

အစ်ကိုက နည်းနည်းမျက်နှာတည်ကာ ပြောလေတော့... ကျွန်တော်လည်း အစ်ကို့မျက်နှာကို ကြည့်ကာ...

My Personal Property(Complete)Where stories live. Discover now