ဇာတ်သိမ်းပိုင်း

14.9K 560 44
                                    

{Unicode}

... This person is my priority
My personal property...

***

တစ်ပတ်မြောက် လွန်မြောက်လေသော်...

ကျွန်တော်တို့ နယ်ကို ပြန်ရောက်နေပြီ ဖြစ်သည်။ အစ်ကိုကတော့ သူ့အုပ်ချုပ်ရေးအပိုင်းနှင့် ရှုပ်နေပြီး ကျွန်တော်ကတော့ ထုံးစံအတိုင်း ဆေးခန်းမှာ ထိုင်ဖို့ ပြင်ဆင်နေမိသည်။

"နားလိုက်ပါလား အယာ... သဘက်ခါဆိုရင်တောင် ကိုယ်တို့ လက်ထပ်တော့မှာ မလား?"

"ရပါတယ် အစ်ကို .... ဒီနေ့ တစ်ရက်တော့ သွားလိုက်ဦးမယ်..."

ကျွန်တော်တို့ နယ်ကို ပြန်ရောက်နေပြီ ဖြစ်သည်။ အားလုံးက အခုမှ လူမှန်နေရာမှန် ရောက်သလို ဖြစ်နေသည်။ အစ်ကိုကတော့ ခေါင်းဆောင်ပိုင်းကြောင့် အတော်လေး အလုပ်မအားစွာ ရှိနေသည်။ နောက်ပြီး အစ်ကိုက အဖွဲ့အစည်းကလည်း မထွက်သေးသည်မို့ အိမ်မှာကောင်းကောင်း မကပ်နိုင်သော အချိန်ပင်....။

"အယာ..."

အစ်ကိုကတော့ ကျွန်တော့်ဆုံးဖြတ်ချက်အတွက် သေချာလေး စဥ်းစားဖို့ ​နာမည်ကို ခေါ်ကာ ပြောလာသည်...။ ကျွန်တော်လည်း လိုအပ်သည့် ပစ္စည်းများကို အိတ်ထဲ ထည့်ကာ.....

"... ဒီနေ့ပဲ သွားမှာပါ... အစ်ကိုရယ်..."

"မင်း ငါ့စကားကိုတောင် နားမထောင်ဘူးပေါ့..."

"မဟုတ်ပါဘူး... အစ်ကိုရယ်...။ အမြဲတမ်း နားထောင်တော့မှာလေ..."

"သွားလေ... သွား...။ ဒါပေမယ့် နောက်ကျ ဖြစ်မယ့် အရာတွေကို ငါ အာမ မခံနိုင်ဘူးနော်..."

"အစ်ကို ဘာလို့ ဆိုးနေတာလဲ ဟင်?"

"ဆိုးတာတဲ့လား... အဲ့ဒါ ငါ့အနား မင်း ရှိနေစေချင်လို့... လောင်နေတာလေ..."

"အခုလည်း အစ်ကို့အနား ရှိနေတာပဲ မဟုတ်ဘူးလား အစ်ကိုရယ်..."

"အေး... လုပ်ထား လုပ်ထား... ကျောင်းတုန်းကလို အကြောတင်းနေတုန်းပဲလား? ဟုတ်ပြီ... ငါ့မိန်းမ အဖြစ် တရား၀င် ကြေညာပြီးရင်တော့..."

"အစ်ကို ဘယ်လိုတောင် ကြိမ်း၀ါးနေတာလဲ?"

"ဘာလဲ? အဲ့ဒီတော့ မင်းက ငါ့ကို မယူချင်တော့လား?"

You've reached the end of published parts.

⏰ Last updated: Apr 17 ⏰

Add this story to your Library to get notified about new parts!

My Personal Property(Complete)Where stories live. Discover now