အပိုင်း (၂၁)

9.7K 706 70
                                    

{Unicode}

...I need you; by my side...

တစ်လခန့် ကြာသောအခါ...

အိမ်ရှေ့မှ စိုက်ပျိုးထားသည့် ပန်းပင်လေးများက အဖူးအပွင့်လေးများ ​ေ၀ဆာကာ အတော်လေးကို လှပနေပြီ ဖြစ်သည်။ မိုးရာသီမို့ ပန်းပင်တစ်ချို့ကတော့ စိမ်းလန်းမှု အပြည့်ဖြစ်သည်။

ကျွန်တော်ကတော့ အစ်ကို့ အိမ်ငယ်လေးကနေ ထွက်လာခဲ့ပြီး နယ်နှင့် မနီးမ​ေ၀း လက်ဖက်စိုက်ခင်းလေးများ ရှိသည့် နေရာမှာပင် ကျွန်တော့်အတွက် နေထိုင်ရာ အဆောက်အဦးတစ်ခုဆိုတာထက် ​နေဖြစ်ရုံမျှ အိမ်ငယ်လေး... ကျွန်တော့်အတွက်ဆိုတာထက် အစ်ကိုနှင့် ကျွန်တော့်ရဲ့ အိမ်လေးပင်။

အစ်ကိုက ညတိုင်း ကျွန်တော့်ဆီ ရောက်လာသည်။ ကျွန်တော့်ကို ထွေးဖက်ပြီး အိပ်တတ်လေ့ရှိပါသည်။ ကျွန်တော်နှင့်အစ်ကို သာမန်ဘ၀လိုပင် ဖြတ်သန်းမိပါသည်။ အစ်ကိုကတော့ ကျွန်တော့်အနား အမြဲရှိပေမယ့် ကျွန်တော်တို့ အရင်လို စကားသိပ်မပြောကျတော့။ အစ်ကိုက မွန်းချိုနှင့် တွဲနေသလား သေချာမသိမိပါ။

အစ်ကို့အတွက် ပြင်ဆင်ထားသည့် အရာများကို အစ်ကိုက သူ့ဘာသာ သုံးစွဲတတ်သလို ကျွန်တော့်အတွက်လည်း ဒီလာတိုင်း မုန့်များကို ၀ယ်လာတတ်ပေမယ့် ဒီအတိုင်း ကျွန်တော် မြင်နိုင်မည့် နေရာမှာသာ တင်ထားခဲ့တာမျိုးပင်။

ကျွန်တော်လည်း အစ်ကို့အနား နေပြီး သာမန်ဘ၀လေးအတိုင်း ဖြတ်သန်းနေမိပါသည်။

တိုက်နယ် ဆေးခန်း ...

တိုက်နယ်ဆေးခန်း တစ်ဖက်ခြမ်း ဆိုင်ငယ်လေးတစ်ခု၌ နှစ်ယောက်သား ထိုင်မိနေပေမယ့် အစ်ကို့အကြည့်များ ၊ အာရုံများက မွန်းချိုဆီ ရှိမနေခဲ့ပါ။ ကိုကို ပြန်လာပြီး မွန်းချိုအနား ပြန်လာခဲ့ပေမယ့် ကိုကိုက အရင်လို ပုံစံအတိုင်းတောင် မဆက်ဆံနိုင်တော့ဘဲ အေးစက်သွားသလိုပင်။
တစ်လကျော်လောက် ကိုကိုက အနားမှာ ရှိနေပေမယ့် သူစိမ်းတွေထက်ပင် စိမ်းနေသည်လား မသိတော့ပါ။

ဒီရက်ပိုင်း ကိုယ့်ကိုကိုယ် ညာပြီး ကိုကို့အနား ရှိနေမိသည်။ သို့ပေမယ့် ကိုကို့စိတ်ဆန္ဒများက တစ်စုံတစ်ယောက်ဆီမှာသာ ကိန်း၀ပ်နေခဲ့သည်။ မျက်မှန်လေးနှင့် ရှိနေသည့် ဒေါက်တာအေးအေးလေးက အခုထက်ထိ သူ့နှလုံးသားမှာ ကိန်း၀ပ်နေတုန်းပင်။

My Personal Property(Complete)Where stories live. Discover now