အပိုင်း (၉)

11.8K 825 25
                                    

{Unicode}

... အချစ်ဆိုတာ
တန်ဖိုးမထားတတ်တဲ့
သူလက်ထဲ ပေးမိရင်
သောက်ရေးမပါတာမျိုး...

***


နံနက်ပိုင်း...

"အငယ်လေး... ဘယ်လိုလဲ? အဆင်ပြေလား?"

အတွေးဖြင့် ဗျာများနေသည့် ကျွန်တော့်ကို ကြည့်ရင်း မမက မေးလာသည်။ ကျွန်တော်လည်း အိပ်ရာက စောစောထပြီး မျက်နှာသစ်ပြီးကတည်းက အခန်းထဲမှာပဲ အတွေးများစွာဖြင့် ငူငိုင်နေသည်မို့ မမက မေးလာဟန် ရှိသည်။

ကျွန်တော်လည်း မမကို တစ်ချက် ကြည့်မိလိုက်ပြီး ဘာမှမပြောဘဲ ခေါင်းကို ခါရမ်းပြလိုက်မိသည်။ ထိုအချိန်မှာတော့ မမက ကျွန်တော့်အနားသို့ ကပ်လာပြီး... ကျွန်တော့်အခြေအနေကို တစ်ချက် အကဲခတ်လာဟန် ရှိသည်။

"... ၈နှစ်တောင် ပြည့်ပြီမလား? လာချင်ရင် ခရီးက နီးပါတယ်...။ အယာ့ဆီ တကယ် သူမပြန်လာတာက... ဒီအတိုင်း အချိန်တွေက သူ့ကို ကုစားသွားလို့ နေပါလိမ့်မယ်..."

ထိုအချိန်မှာတော့ ကျွန်တော်လည်း ကျွန်တော့်လက်ထဲမှာ သူ့အမည်နှင့် စာအုပ်လေးကို ကိုင်ထားပြီး မျက်ရည်များ ၀ိုင်းလာမိသည်။ သွေးစများနှင့် စွန်းထင်းနေသည့် ဒီစာအုပ်များက ကျွန်တော်နှင့်သူ့၏ နောက်ဆုံး ဆက်သွယ်ချက်လေးပင် ဖြစ်ပါသည်။

"မဟုတ်ဘူး... အယာသာ သူ့ဘက်အခြမ်းကို မြင်အောင် ကြည့်နိုင်ရင် ဒီလိုကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး...။ အယာကြောင့် အစ်ကိုက...။ ဒီအတိုင်း ဆိုတာထက် အစ်ကိုက အယာ သူ့အပေါ် ခံစားချက်ကို မသိဘဲ ရှင်သန်နေခဲ့ရမှာ...။ ကျွန်တော့်ကြောင့်...။ လွှတ်မြောက်ချင်ခဲ့တဲ့ အဲ့ဒီအချိန်က ခံစားမှုကြောင့်....။ ဒီလောက် အယာ့အပေါ် စစ်မှန်နေတဲ့ သူ့ခံစားချက်တွေကို မမြင်နိုင်ခဲ့တဲ့...။ တလွဲနည်းတွေနဲ့ ယူဆခဲ့လို့...။"

ထိုအရာက ပြန်တွေးကြည့်လိုက်တိုင်း အနားဟောင်းကို ပြန်ဆွသလိုမျိုး... အသစ်သဖွယ် နာကျင်မှုကို ခံစားပေးသည်။ ကျွန်တော် စိတ်မထိန်းနိုင်ဘဲ လုံး၀ကို ငိုရှိုက်လိုက်မိတော့သည်။ ထိုအချိန်မှာတော့ မမက ကျွန်တော့်ကို ဖက်လာပြီး နှစ်သိမ့်မှုပေး၍....။

My Personal Property(Complete)Where stories live. Discover now