{Unicode}
...ဟုတ်တယ်...
ငါ မင်းကို စ,ပြီး သဘောကျကတည်းက
မင်း ကံဆိုးတာ...။***
ယခင်အပိုင်းမှ အဆက်....
"သား... ထီးမိန့်...။ ဒီနေ့ နောက်ကျတယ်နော်...။ တီလေးတောင် လာကြိုတော့မလို့..."
အမှန်တကယ်ပင် ကျောင်းဆင်းချိန်ထက် နှစ်နာရီလောက် နောက်ကျနေသည်မို့ ကျွန်မလည်း စိတ်ပူစွာ မေးမိပါသည်။ ထိုကလေးကတော့ ထုံးစံအတိုင်း ကျွန်မကို ဘာမှမဖြေဘဲ အိမ်နံဘေးမှာ ဆိုင်ကယ်ကို ရပ်ကာ အိမ်ထဲသို့ ၀င်သွားလေပြီ....။
ကျွန်မလည်း သူ့ပုံစံကို အကဲခတ်ပြီး သူ့နောက်မှ ခပ်မြန်မြန် လိုက်မိသည်။ အိမ်ထဲကို ရောက်သည်နှင့် သူ့အခန်းရှိရာ အပေါ်ထပ်သို့ တက်သွားလေတော့ ကျွန်မလည်း....
"ထီးမိန့်... သားဖေဖေဆီက VC အဆက်အသွယ်ရတယ်...။ သားဆီကို ဟိုကနေ ပစ္စည်းပို့ပေးမလို့ ဘာလိုချင်လဲတဲ့..."
ကျွန်မကတော့ သူ့စိတ်၀င်စားမှုရအောင် ပြောလိုက်ပေမယ့် ထိုကလေးက တစ်ချက်မှ ကျွန်မကို ပြန်လှည့်မကြည့်တော့ဘဲ သူ့အခန်းရှိရာသို့....။
ကျွန်မလည်း လှေကားအတိုင်း တက်ပြီး သူ့နောက်သို့ လိုက်သွားပေမယ့် သူ့အခန်းတံခါးက လော့ချပြီးသား ဖြစ်နေသည်။ ထို့ကြောင့်ပင် အခန်းထဲမှ အခြေအနေကို တစ်ချက် နားစွင့်ပြီးသည့် နောက်မှာတော့ သူ့အတွက် အချိန်ပေးလိုက်ဖို့ ပြင်မိတော့သည်။ ညစာအတွက် ပြောရင်းမှ နောက်တစ်ခေါက် မေးဖို့သာ ပြင်မိတော့သည်။
အခန်းထဲ ရောက်သည်နှင့် backpackကို ကုတင်ပေါ်သို့ ပစ်တင်လိုက်ပြီး လက်ထဲက သူ့ကြောင့် ရလာသည့် အကွာအဟကိုသာ ကြည့်နေမိသည်။ ထို့နောက် ကုတင်နံဘေးက စားပွဲပေါ်မှ ပန်းအိုးကို လက်ဖြင့် ဖျစ်ညှစ်လိုက်မိသည်။
ချက်ချင်းဆိုသလို နာကျင်မှုက အသည်းသို့ လာရောက်ပေမယ့် အမှန်တကယ် နာကျင်မှုကိုတော့ ဖြေဖျောက်၍ မရခဲ့ပါလေ....။
YOU ARE READING
My Personal Property(Complete)
Randomစိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke