အပိုင်း (၁၉)

10.5K 775 96
                                    

{Unicode}

All I want is you...

ဒီနေ့ ကျွန်တော့် စိတ်တွေ ဘာတွေ ဖြစ်နေလဲ မသိတော့။ စိတ်ထဲမှာ လေးကန်စွာ ရှိနေမိသည်။ ခေါင်းဆောင် ကိုသူမာန်တို့ မင်္ဂလာပွဲက နောက်တစ်ပတ်ဆို ကျင်းပတော့မည်။ အခုထက်ထိ အစ်ကို့အခြေအနေကို မသိရသလို အစ်ကို့သတင်းလည်း မကြားရပါ။

ကျန်တာထက် အစ်ကိုနေကောင်းရဲ့လား စိတ်ပူတာမျိုးပင်။ မသေဆုံးခင် တစ်နေ့နေ့တော့ လောကကြီးရဲ့ တစ်ထောင့်တစ်နေရာမှာတော့ ကျွန်တော်တို့ ပြန်ဆုံနိုင်တာမို့...။

အစ်ကို ပြန်လာတော့နော်...
အယာ လွမ်းလှပြီ အစ်ကို...။ အယာ အစ်ကို့ကို တွေ့ချင်တယ်။

United state of (.....)

(....) Hospital~~

"ဘယ်လိုလဲ? အဆင်ပြေရဲ့လား ဆက်မိန့်..."

"ဟုတ်ကဲ့ ပြေပါတယ်... နည်းနည်း ထိသွားတာပါ။"

အဆင်ပြေတယ်ပြောပေမယ့် ဒီအခြေအနေရောက်ကို မနည်း ပြန်ဆယ်ထားရသည့် သူ့အသက်က သေရွာမှ ပြန်ဆွဲခေါ်ထားရတာပင် ...။ ဒါတောင် ကျင့်သားရနေသည့် ဂိုဏ်းသား ဖြစ်နေသည်မို့ အနည်းငယ် ခံသာပါသေးသည်။ ပုံမှန်လူသာဆိုရင် သေစေနိုင်လောက်သည့် အနေအထားပင်...။

"ဒါနဲ့ အဲ့ဒီလူက 03ရဲ့ လူမလား?"

ထိုအချိန်မှာတော့ ဆက်မိန့်က အပြုံးလေးဖြင့်ပင် ရှိနေပြီး....

"ကျွန်တော်က ကျွန်တော်တို့ အဖွဲ့ထဲမှာ ယောင်္ကျားစိတ်တွေပဲ ရှိတယ် ထင်နေတာ။ နေပါစေဗျာ... ကျွန်တော်က သူတို့ ​သတ်ချင်လောက်တဲ့အထိ တော်နေလို့ နေမှာပေါ့...."

"ကဲပါ... ဆရာသမား အဆင်ပြေဖို့ လိုတယ်။ ကျန်းမာရေးကို ဂရုစိုက်ဦး ... အခုလောလောဆယ်တော့ နည်းနည်းနားလိုက်ဦး။ အဖွဲ့အစည်းဘက်က ဘိုးတော်ကိစ္စကို အစ်ကို့တာ၀န် ထားလိုက်...။ သြော် ဒါနဲ့ မေးစရာ ရှိတယ်..."

"မေးပါ... ကိုစောအယ်..."

"... ကြင်ယာဆိုတဲ့ အရာက အခုထက်ထိ မင်းစိတ်ထဲ ကိန်းအောင်းနေဆဲမလား?"

ထိုအချိန်မှာတော့ ကုတင်ပေါ်မှာ ရှိနေသည့် အကောင်အထည်က ဆွေးတမြည့်မြည့် ပြုံးလာသည်။ ဒီအပြုံးများက အလွမ်းအငွေ့အသက်များဖြင့်ပင်။ ဘယ်လိုပြောရမလဲ? တစ်စုံတစ်ယောက်ကို လက်မလွှတ်နိုင်တဲ့ အခြေအနေတစ်ခုမှာ မတတ်နိုင်လို့ လွှတ်ထားပေးရတာမျိုးပင်။

My Personal Property(Complete)Where stories live. Discover now