အပိုင်း (၂၃)

13.2K 832 111
                                    

{Unicode}

... My Duality...

ယခင်အပိုင်းမှ အဆက်...

"အစ်ကို..."

ကျွန်တော် ရေရွတ်လိုက်မိသည်။ အစ်ကို့ပုံစံက ခံစားချက်နှင့်အတူ လုံးထွေးနေပြီး လက်ရှိအဖြစ်အပျက်ကိုတောင် မေ့လျော့နေသလိုပင်။ ကျွန်တော်လည်း အစ်ကို့ပုံစံကို အနည်းငယ် ထိတ်လန့်မိတာမို့ အစ်ကို့အနား ​ပြေးသွားမိသည်။ ထို့နောက် အစ်ကို့ဘေးနားမှ အရာများကို ကြည့်ကာ ....

"အင်း... အဲ့ဒါတွေက အယာ.. သိမ်းထားတာ...။ ဘယ်လိုဖြစ်ပြီး... တောင်းပန်ပါတယ်..."

ကျွန်တော့်ရှေ့မှ ရှိနေသည့် အကောင်အထည်က ဘယ်လိုဖြစ်ပြီး ဒီအရာတွေအတွက် သူ့ကိုသူ အပြစ်ရှိသလို ခံစားနေရသည်လဲ? ချက်ချင်း လူက သေတော့မလို ခဲတစ်နေသည့် ခံစားချက်များကို ဒီအကောင်အထည်အပေါ်မှာ ဖျော်ချဖို့....။

ကျွန်တော့်ဘေးမှ စာအုပ်များကို သိမ်းဆည်းနေသည့် သူ့လက်နှစ်ဖက်လုံးကို လက်တစ်ဖက်တည်းဖြင့်ပင် ချုပ်လိုက်သည်။ ထို့နောက် သူ့ခါးမှ သိမ်းကျုံးဖက်ကာ အနားသို့ တိုးကပ်ဆွဲယူလိုက်တော့ နီးကပ်စွာ ပါလာသည့် အနေအထား....။

ဒီအကောင်အထည် သေးသေးလေး...
ဒီအကောင်အထည်က ယစ်မှုးဖွယ် အလှတရား ရှိနေတာမျိုး...
ဒီအကောင်အထည်က ရှစ်တန်းကတည်းက အရူးအမူး လိုက်ခဲ့ရတာမျိုး...။
ဒီအကောင်အထည်ကို ပိုင်ဆိုင်နိုင်ဖို့... ဘယ်လောက်တောင် ကြိုးစားခဲ့ရသည်လဲ?
ဒီအကောင်အထည် သေးသေးကို ဒီလို ပွေ့ဖက်ခွင့် ရဖို့ ဘယ်လောက်တောင် အချိန်တွေ...

ဆယ်စုနှစ်တစ်ခုကျော်အတွင်း အလဲလဲ အကွဲကွဲ လဲပြိုမှုများက ဒီနေ့အတွက်...
ဒီနေ့မှာတော့ အလုံးစုံ ပြည့်၀သွားသည့်နှယ်...

"အစ်ကို...
အစ်ကို ဘာဖြစ်လို့လဲ ဟင်?"

မိမိပွေ့ဖက်ထားမှုမှ စိုးရိမ်တကြီး ပွေ့ဖက်မှုမှ ရုန်းထွက်ကာ ကျွန်တော့်မျက်နှာပိုင်းကို ကြည့်ဖို့ ကြိုးစားနေသည့်သူ...။ ကျွန်တော်လည်း အလိုက်ထိုက် ပွေ့ဖက်မှုကို ပြေလျော့ပြီး သူ့မျက်နှာကို ကြည့်လိုက်လေတော့... သူကတော့ ထိတ်လန့်ဟန်ဖြင့် စိုးရိမ်တကြီး ကျွန်တော့်မျက်နှာ အခြေအနေကို ကြည့်နေသည်။

My Personal Property(Complete)Where stories live. Discover now