အပိုင်း (၁၃)

10.9K 821 41
                                    

{Unicode}

... I need you ; to keep me sane...

ယခင်အပိုင်းမှ အဆက်...

"I'm still your~~~"

အစ်ကို့မျက်နှာပေါ်မှ emotion အကုန်လုံးကို ကြည့်လိုက်မိပြီး ကျွန်တော်ပြောလိုက်မိသည်။ ထို့နောက် အစ်ကို့မျက်နှာကို လက်တစ်ဖက်ဖြင့်ပင် သိုင်းယူထိလိုက်ပြီး....။

"ကြင်ယာ.. တောင်းပန်ပါတယ်.. အင့်။ ကြင်ယာ တောင်းပန်ပါတယ် အစ်ကိုရယ်။"

ထိုအချိန်မှာတော့ သူက သူ့နားထင်နှစ်ဖက်ကို ခေါင်းထဲ ရှုပ်ထွေးနောက်ကျိသလိုဖြင့် ဖိနှိပ်ထားပြီး ကျွန်တော့်ကိုယ်ပေါ်မှ ခွာလျက် နံဘေးက ကုတင်ပေါ်သို့ ပြန်ထိုင်သည်။ နံဘေးက ချွတ်ထားခဲ့သည့် သူ့အင်္ကျီကို ပြန်လည်၀တ်ဖို့

"ခွင့်ပေးထားတိုင်း တစ်မျိုးမထင်နဲ့။ ငါက ဒီအတိုင်း ငါ့စိတ်နာမ်က ... အရင်တုန်းက မင်းအပေါ် စွဲလမ်းနေခဲ့လို့...။ အခု ငါ-"

အစ်ကိုကတော့ သိပ်ကိုနေသားကျဖို့ ကြိုးစားနေဟန် ရှိပါသည်။ ကျွန်တော့်မှာတော့ ချစ်ရသူအပေါ် စိတ်ထိခိုက်အောင် လုပ်ခဲ့ဖူးတာမို့ အပြစ်ရှိသည့် အနေအထားအပြင် အဲ့ဒီအပြစ်သားက ကိုယ်တိုင် ဖြစ်နေသည်မို့....။

"အစ်ကို..."

သူ့မျက်နှာကို နံဘေးသို့ လွဲထားပြီး စိတ်အဆင်မပြေဟန် ရှိနေသည့် အစ်ကိုက လုံး၀ကို frustrated ဖြစ်နေသည့် အနေအထားပင်။ သူ့လက်သီးကို ကြပ်ကြပ်ဆုပ်ထားပြီး အသက်ရှုသံပြင်းပြင်းတို့က ကျွန်တော့်ကိုပါ လာရောက်ကူးစက်နေသလိုပင်...။

အစ်ကိုကတော့ သူ့နာမည်ခေါ်သံကြားသည်နှင့် ကျွန်တော့်ဘက်သို့ လှည့်လာသည်။ သို့ပေမယ့် ခဏတာ တိုက်ခတ်နေသည့် လေညင်းလေး အသွင်ပဲမို့ ကျွန်တော် ....။

"အစ်ကို..."

နောက်တစ်ကြိမ် ထပ်ခေါ်လိုက်မိသည်။
ထိုအချိန်မှာတော့ စိတ်ရှုပ်မှုနှင့်အတူ လွင့်ပျံလာသည့် အစ်ကို့အကြည့်တစ်ချက်ကို ကျွန်တော့်ဆီက ဖယ်ခွာခွင့် မပြုတော့ပါ။

အစ်ကို့မျက်နှာကို ကျွန်တော့်လက်နှစ်ဖက်ဖြင့် အုပ်ထားမိသည်။ ထို့နောက်....

My Personal Property(Complete)Where stories live. Discover now