အပိုင်း (၁၁)

12.8K 744 121
                                    

{Unicode}

... personal zone...

****

ယခင်အပိုင်းမှ အဆက်...

အစ်ကိုကတော့ ကျွန်တော့်ကို တကယ်ကို သူစိမ်းတစ်ယောက်လိုပင် ရှိနေခဲ့သည်...။ ကျွန်တော် အစ်ကိုနှင့် စကားပြောကြည့်ဖို့ အလားအလာတောင် မရှိခဲ့...။

အချိန်အကြာကြီး စောင့်နေခဲ့တဲ့ အစ်ကိုက အခုတော့...
အခုနောက်ဆုံးမှာတော့ တွေ့ခွင့်ရခဲ့ပြီ...။
အင်း... ဒီလောက်​ဆို ကျေနပ်ပါပြီ...။

အစ်ကို့အိမ်က ပြန်ရောက်သည်နှင့် ကျွန်တော် လေးလံသော ခြေလှမ်းများ အတွေးများဖြင့်ပင် အိမ်ကို ပြန်ခဲ့မိတော့သည်....။

အိမ်ကို ရောက်မိတော့ မောဟိုက်ပင်ပန်းနေသည့် စိတ်အစဥ်နှင့်အတူ ရေမြန်မြန်ချိုးပြီးသည်နှင့် အစ်ကိုနှင့် ပတ်သတ်သည့် အကြောင်းအရာတစ်ချို့ကို တွေးနေမိသည်...။

အင်း...
အစ်ကိုနှင့် ရှိနေခဲ့သည့် အတိတ်က... အထက်တန်းကျောင်းက ပုံရိပ်တွေပဲ ရှိခဲ့တော့တာ...။

အဲ့ဒီတုန်းက ဝါဆိုလအတွင်း မိုးတွေ အရမ်းစွေနေခဲ့သည့် အချိန်ပင် ဖြစ်သည်...။ စိန်ပန်းတွေ၊ စွယ်တော်တွေ... နီသွေးထွေးအောင် ပွင့်ခဲ့သည့် အချိန်ပေါ့...

အဲ့ဒီအချိန်က....

အခြေခံပညာ အထက်တန်းကျောင်း...

ကျောင်းရှေ့က အုတ်ခုံပေါ်မှာ ရှိနေသည်။ ဒီနေ့က ကျောင်းဝါဆိုသက်န်း ကပ်လှူသည့်နေမို့ လွတ်လွတ်လပ်လပ် ရှိနေပါသည်။ ကျောင်း၀န်းအတွင်း စီစဥ်စရာရှိတာနှင့် ဆရာ ဆရာမများ၏ အာရုံများကတော့ ကျွန်တော်တို့အပေါ် မစိုက်နိုင်အားပါ...။

ကျွန်တော်လည်း ကျောင်းဝါဆိုသက်န်းအတွက် လိုအပ်သည့် ပစ္စည်းကို သယ်ယူလာပြီး ကျောင်းရှေ့ ထွက်လာချိန်မှာတော့ အားလုံးပေါင်း ၅ယောက် ရှိသော အဖွဲ့...။

အသေအချာဆိုလျှင် ဆယ်တန်းအဖွဲ့ပင် ဖြစ်ပါသည်။ ထိုထဲက တစ်ယောက်ကတော့ ခပ်တည်တည် မျက်နှာထားဖြင့် သူ့ပုံစံက တစ်မျိုးပင် ဖြစ်သည်။

ထီးဆက်မိန့်...
သူ...
မိန်းကလေး တစ်ယောက်ပြီး တစ်ယောက် ပွေနိုင် ရှုပ်နိုင်လှသည့် သူပင်။ သူတွဲခဲ့သည့် မိန်းကလေးများက သူ အသည်းခွဲခြင်း ရက်စက်ခြင်းကို အပြည့်အ၀ ခံထားရသူများပင်။ သူတွဲခဲ့သည့် ရည်စားအပေါ် သူ့ဆက်ဆံပုံက အေးစက်ပြီး မထင်ရင် မထင်သလို သူတွဲချင်ရင် တွဲ ၊ မတွဲချင်ရင် ခပ်လွယ်လွယ် ပြတ်လိုက်တာမျိုးပင်။ သူ့မှာ အချစ်မေတ္တာ သံယောဇဥ်ဆိုတာ တကယ်မထားသည့် သူပင်....။

My Personal Property(Complete)Where stories live. Discover now