အပိုင်း (၅)

15.2K 1K 44
                                    


{Unicode}

.. ငါ့စိတ်အတိုင်းဆို
မင်း ဒီအတိုင်း ရှိချင်မှတောင်
ရှိမယ်...။

***

ညပိုင်း...

နောက်ဆုံး အိမ်စာကို တွက်လိုက်မိပြီးနောက်မှာတော့ ကျွန်တော့်အတွေးထဲ အတွေးစတို့ တစ်ချို့က ၀င်ရောက်လာသည်။ ကျောင်းမှာတုန်းက....

လေပြင်းနှင့်အတူ ၀င်ရောက်လာသည့် သူ့ပွေ့ဖက်များနှင့်အတူ အနမ်းများက ကျွန်တော့်နူတ်ခမ်းဆီသို့ ပိုင်နိုင်စွာ ကျူးကျော်၀င်ရောက်လာသည်။ ကျွန်တော်လည်း ပထမဆုံးတော့ ရုန်းဖို့ ကြိုးစားလိုက်ပေမယ့် မလွတ်နိုင်သော ရုန်းထွက်မှုအောက်၌ လက်နှစ်ဖက်လုံးက သူ့ရင်ခွင်ထဲမှာပဲ သိမ်းကြုံး၍..... မလွတ်မြောက်နိုင်ဘဲ ရှိနေပြီး သူ့အနမ်းတို့ကိုသာ ငြိမ်၍ ခံယူနေမိသည်။

မိုးက တစ တစ ပြင်းလာပြီး ၀န်းကျင်မမြင်နိုင်အောင် ရွာနေသည့် မိုးများက ကျောင်း၀န်းတစ်ခုလုံးကို မိုးအမှောင်ရိပ် ကျစေသည်။ တံစက်မြိတ်အမိုးမှ မိုးရေစက်များက ကျွန်တော်တို့ နှစ်ယောက်ကို လာရောက်ထိယှက်ပြီး နှုတ်ဆက်နေသည်။ မိုးသက်လေပြင်းနှင့်အတူ ကြွေကျလာသည့် စွယ်တော်ပန်းများက အလုအယက် မြေပြင်သို့ လွင့်ကျနေပြီး သူ့ခြေထောက်ရှည်များဆီသို့ လာရောက်ထိယှက်နေသည်။

ထို့နောက် ရုတ်တရက် ရုန်းရင်းဆန်ခတ်မှုမှာ ကျွန်တော့်ခြေထောက်တစ်ဖက်က တံစက်မြိတ်အမိုးအောက်သို့ ခေတ္တခဏရောက်ချိန်မှာတော့ အေးစက်နေသော အထိအတွေ့တစ်ခုနောက်....။ ထို့နောက်မှာတော့ တံစက်မြိတ်မှ ကျလာသော မိုးရေစက်များကို ရေပွက်ပမာ လက်ခံယူသည့် သဲမှုန်လေးများကပါ လာရောက်ထိယှက်ပြီး ကျွန်တော့်ခြေသားများက သူ့ခြေထောက်ဖြင့် ထိယှက်နေသည်။

မှိုင်းကျနေသော ကောင်းကင်လွှာ တစ်ခုအောက်မှာတော့ ထိယှက်နေသော ခြေထောက်နှစ်ခုက သဲမြေနှင့်ရေပွက်များအကြား ကြွင်းကျန်ရစ်သည်။

ညနေ ၃နာရီ ၃၀မိနစ်....

ကျွန်တော်တို့ မိုးရေထဲမှာပဲ ခြေထောက်တို့ ချထားပြီး အချိန်အတော်ကြာ ရှိနေပြီးသည့်နောက်မှာတော့ နောက်ဆုံးကျောင်းဆင်းချိန် ခေါင်းလောင်းသံကို ကြားလိုက်ရသည်။ ထို့နောက် နစ်​မြှုပ်နေသော သူ့ရင်ခွင်အကြားက ရုန်းထွက်လိုက်ပြီး ကျောင်း၀န်းကို ငေးကြည့်မိသည်။ သူကတော့ နံရံကို မှီနေကာ ကျွန်တော့်ကို ငေးကြည့်နေဆဲ ရှိနေပြီး သူ့လက်တစ်ဖက်က ကျွန်တော့်ခါးနောက်ကျောဘက်မှာ ရှိနေပြီး ကျန်တစ်ဖက်က ကျွန်တော့်ကို သိမ်းဆည်းထားသည့် ရင်ခွင်ထဲမှ ထောင်ထားသော ဒူးတစ်ဖက်တွင် တင်ထားသည်။

My Personal Property(Complete)Where stories live. Discover now