အပိုင်း (၂၀)

10.5K 658 24
                                    

{Unicode}

... စော်ကားလွန်းတယ်...

ယခင်အပိုင်းမှ အဆက်...

"ငါ စိတ်လွှတ်ပြီး မင်းကို သတ်မပစ်ခင် ငါ့မိန်းမ လာဖြစ်ပေးတော့...."

ထိုအသံ...
ထိုအသံနောက်မှာတော့ ကျွန်တော့်ရုန်းကန်မှုတို့က အလံဖြူ ပြ၍...။ အစ်ကိုကတော့ ကျွန်တော် မရုန်းသည့်တိုင် ကျွန်တော့်ကို တင်းကြပ်စွာ ချုပ်နှောင်ထားသည်။ ခဏအကြာမှာတော့ သူ့ဘက်ကို မျက်နှာချင်းဆိုင်ဖို့ မျက်နှာကို ပုခုံးကို လှည့်လိုက်သည်။

မမြင်တာ အနည်းငယ် ကြာနေပြီ ဖြစ်သည့် အစ်ကို့မျက်နှာပေါ်မှ နူတ်ခမ်းမွှေးများက အနည်းငယ် ရှည်နေပြီ ဖြစ်သည်။ ကျန်သည့် အစိတ်အပိုင်းများကတော့ နဂိုအတိုင်း ဆွဲဆောင်မှု ရှိနေဆဲပင်။

ကျွန်တော်က အစ်ကို့ကို ငေးကြည့်နေတုန်း အစ်ကိုကတော့ဖြင့် ကျွန်တော့်ကို ပွေ့ကာ သူ့ပုခုံးပေါ်သို့ ထမ်းချီသည်။ မကြာမီမှာပင် ကျွန်တော်တို့ နှစ်ယောက်လုံး ယနေ့ည မိုး၏ ကြီးကျယ်ခမ်းနားမှုကို ခံစားလိုက်ရသည်။

အိမ်ငယ်...

အစ်ကိုက ကျွန်တော့်ကို သူ့အိမ်တော်ကြီး ဘေးမှ အိမ်ငယ်လေးဆီသို့ ခေါ်လာသည်။ နှစ်ယောက်လုံး မိုးရေများဖြင့် စိုရွဲနေကြပြီး အစ်ကို့ခန္ဓာကိုယ်ပေါ်မှ အ၀တ်အစားများက အသားဖြင့် ကပ်ညှိနေသလို ကျွန်တော့်ကိုယ်ပေါ်မှ အ၀တ်အစားများကလည်း အဆင်မပြေတော့...။

ခဏအကြာမှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လာပြီး သူ့နံဘေးမှ အင်္ကျီတစ်ထည်ကို ကျွန်တော့်ထံသို့ ပစ်လာသည်။ ဒီအင်္ကျီက ဘယ်သူ့အင်္ကျီလဲ မေးစရာမလိုအောင် ကြီးမားနေသည့် အစ်ကို့အင်္ကျီ...။

ကျွန်တော်လည်း အစ်ကို့ကို တစ်ချက်ကြည့်ကာ အင်္ကျီလဲဖို့ ပြင်လိုက်မိပါသည်။ အင်္ကျီလဲပြီးသည့် နောက်မှာတော့ ပေါင်လယ်ကျော်နေသည့် အ်ကို့ရှပ်အင်္ကျီက ကျွန်တော့်အတွက် အနည်းငယ် အဆင်ပြေနေခဲ့ပါသည်။

အစ်ကိုကတော့ အိမ်ငယ်ထဲမှ ကုတင် တစ်လုံးပေါ် ထိုင်နေပြီး သူ့အင်္ကျီကို ချွတ်ထားသည်။ ထို့နောက် သူ့ခေါင်းပေါ်မှ ဆံပင်များကို စိတ်ရှုပ်စွာ သုတ်ဖယ်နေသည်။ ကျွန်တော်လည်း အစ်ကို့ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားပြီး အစ်ကို့ခေါင်းပေါ်မှ တဘက်ကို သုတ်ပေးဖို့ ယူစဥ်မှာတော့ အစ်ကိုက ကျွန်တော့်ကို တစ်ချက်ကြည့်လာသည်။

My Personal Property(Complete)Where stories live. Discover now