{Unicode}
... I'm still yours
***
ယခင်အပိုင်းမှ အဆက်...
ညနေပိုင်း...
"မမတို့ကို နယ်က လူတွေနဲ့ လိုက်ပို့ခိုင်းလိုက်နော် ... ဘာမှ စိတ်မပူနဲ့တော့..."
ဖေဖေတို့ကတော့ ကျွန်တော့်ကို နူတ်ဆက်ပြီး ကလောဘက်သို့ ပြန်သွားပြီ ဖြစ်သည်။ မမကတော့ သူ့၀ါသနာအတိုင်း NGO အဖွဲ့အစည်းများနှင့် နောက်ထပ် ဒေသတစ်ခုကို သွားဦးဖြစ်သည်။ ကျွန်တော်ကတော့ ဒီရွာမှာပဲ နဂိုအတိုင်း ကျန်ရှိနေခဲ့ပါသည်။
ဒီရွာကို ကျွန်တော် စ ရောက်ကာစက အခက်အခဲ အလုံးစုံ ကြုံတွေ့ခဲ့ရပါသည်။ ပထမဦးဆုံး ဒီမှာ တိုက်နယ်ဆရာ၀န်လက်ထောက် အဖြစ် ရှိဖို့ ဆေး၀ါးသင်တန်းများပါ တက်ခဲ့ရသည်။ ဒီနယ်မှာ နေဖို့ ဖေဖေ့ကို မနည်း ပြောခဲ့ရပါသည်။ နောက်ဆုံးတော့ ဖေဖေက နေခွင့် ပေးခဲ့ပေမယ့် ကျွန်တော့်ကို အစ်ကို့လို လူမျိုးနဲ့ နောက်တစ်ခါ ထပ်ပြီး တွေ့မှာ စိုးရိမ်နေပါသည်။
ဒီနယ်က တောင်ကြီးမြို့၏ အတော်ေ၀းကွာသော နေရာဒေသဖြစ်သည်။ ထို့အတူ ရိုးရာဓလေ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အနည်းငယ် ရထားသည့် ဒေသဖြစ်သည်။ မျိုးနွယ်စုများနှင့် ရှိနေပြီး မျိုးရိုးကြီးပိုင်းက ရွာ၏ အုပ်ချုပ်ရေးပိုင်းကို တာ၀န်ယူရပါသည်။
ပြီးတော့ ဒီနယ်မှာ အလှပဆုံး အပျိုစင်နှင့် မျိုးရိုးမြင့်ပိုင်း ရွေးချယ်ထားသည့် လူဆိုတာ ရှိပါသေးသည်။ ကျွန်တော်က ဒီနယ်၏ မျိုးရိုးမြင့်ပိုင်း အုပ်ချုပ်သူ၏ ရွေးချယ်ခံထားရသည့်သူပင် ဖြစ်သည်။ ထိုသို့ ရွေးချယ်ထားပြီးကတည်းက ကျွန်တော်က တစ်နယ်လုံးသာမက သူ့အာဏာစက်ကွင်းကျသည့် နေရာဒေသအကုန်လုံးမှာ သူနှင့်ညီမျှသည့် အာဏာတစ်ချို့ ရှိသည်။
တစ်နယ်လုံး ကျွန်တော့်ကို လေးစားစွာပင် ဆက်ဆံရပြီး နယ်သူနယ်သားများက ကျွန်တော့်ကို စကားယှဥ်လျက် မရိုမသေမပြောနှင့် အကြည့်နဲ့တောင် ကြည့်လို့မရပါ။ ကျွန်တော့်နာမည်ကို တိုက်ရိုက်ခေါ်လို့ မရသလို... ခေါ်ရင်လည်း အုပ်ချုပ်သူ ကတော်ဆိုပြီးပဲ ခေါ်ရသည်က များပါသည်။
YOU ARE READING
My Personal Property(Complete)
Randomစိတ် အဆင်ပြေသလောက် ရေးပါမည်။ Over possessive Seme Beau Uke