အပိုင်း (၂၅)

8.6K 520 21
                                    

...အစ်ကို...

သုံးရက်မျှ ကြာသောအခါ...

အစ်ကို ကိုယ်တိုင် ကျွန်တော် တာ၀န်ကျသည့် ချင်းပြည်နယ်ဘက်မှ မြို့ငယ်လေးဆီ ရောက်အောင် ပို့ပေးခဲ့ပါသည်။ ဒီကို ဒီမှာ ရောက်ရှိဖို့အတွက် အစ်ကို့ကို ကျွန်တော် အများကြီး ကတိပေးခဲ့ရသလို... ဗြုန်းခနဲ ဖြစ်သွားသည့် တာ၀န်ထမ်းဆောင်မှုကြောင့် နှစ်ဖက်မိဘများကို Vcနဲ့ပင် တွေ့စေပြီး စေ့စပ်ထားရုံမျှပင်....။

လက်ထပ်ဖို့ကတော့ ကျွန်တော် ဒီကနေ တစ်လကျော်ကျော်လောက်နေပြီးမှ ဖြစ်သည်။ ရက်ကောင်းရက်သာလည်း ရွေးပြီးပြီ ဖြစ်သည်။ ဒီတော့ ဒီတစ်လလုံး အစ်ကို့ကို လွမ်းနေဖို့သာ....။

ချင်းပြည်နယ်...

တောင်ဇလပ်ပန်း ၊ အောက်ချင်းငှက်တို့နှင့်အတူ တောင်တန်းအပြည့် ၊ ထင်းရှုးအပြည့်ဖြင့်။ တောင်ယာစိုက်ခင်းများလည်း လုပ်ကိုင်ကြသည်။ ရိုးရာချည်ထည်များကိုသာ ၀တ်ဆင်ကြပြီး ချင်းဘာသာစကားဖြင့် ပြောကြသည်။ ထို့အတူ မြန်မာစကားပြောတတ်သည့် တစ်ချို့တစ်လေလည်း ရှိပါသည်။

ကျွန်တော် ရောက်သည်နှင့် မြို့ခေါင်းဆောင်က ကျွန်တော်နေဖို့အတွက် အရန်သင့် စီစဥ်ထားပြီးသား ဖြစ်နေပြီ။ အစ်ကိုကတော့ ကျွန်တော့်ကို လိုက်ပို့ပြီးသည်နှင့် ချက်ချင်းအိမ်ကို ပြန်သွားရတာပင်။

ဆေးခန်း လာပြသူများကို ကြည့်ရှုပြီးသည်နှင့် နေ့လည် ထမင်းစားနားချိန်မှတော့ ကျွန်တော် ဆေးအိတ်ထဲက ဖုန်းကို ထုတ်လိုက်မိသည်။ ဖုန်းကောလ် တစ်ခုမှ မ၀င်လာတာမို့ ကျွန်တော် အနည်းငယ် စိတ်ထင့်မိသည်။ အစ်ကို အိမ်ကို ပြန်မရောက်တာမျိုးလား?

အစ်ကို့အိမ်က လူတွေကို ဆက်တော့လည်း ဖုန်းကိုင်မလာသေးပါ။ အခုလည်း ဖုန်းက ခေါ်ဆိုမှုမှာ ကိုင်သူ မရှိပါ။ အစ်ကို အဆင်ရော ပြေရဲ့လား? အယာ... စိတ်တွေ ပူနေတယ် အစ်ကို...
အစ်ကို ဘာမှမဖြစ်ပါနဲ့...
အစ်ကိုပဲ... ချင်းပြည်နယ်ရဲ့ ဇီးရိုးမှတ်အောက် ရောက်နေတဲ့ အေးခဲမှုကို အယာ့ကို ပွေ့ဖက်ထားပြီး အံတုမယ်ဆို...။

အစ်ကို ကျေးဇူးပြုပြီး အယာ့ဆီကို ဆက်သွယ်လာပါတော့နော်။ အယာ ... စိတ်ပူနေတယ်....။

My Personal Property(Complete)Where stories live. Discover now