အပိုင်း (၁၇)

10K 764 39
                                    

{Unicode}

... Domino effect...

နှစ်ရက်မျှ ကြာသောအခါ...

ကလော...

"ကဲ... ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ အယာရယ်? ရောက်တော့လည်း အတွေးတွေနဲ့... ဘာတွေ ဖြစ်နေတာလဲ?"

ဟိန်းစင်ကတော့ ကျွန်တော့်အခြေအနေကို ရိပ်စားမိပြီး ပြောလာသည်။ ကျွန်တော်ကတော့ နှစ်ရက်တာမျှ စိတ်တင်းကာ ရှိလာသည့် စိတ်အစုံက အခုထက်ထိကို ​ဖြည်ချလို့ မရသေးပါ။

"ဟိန်းစင်..."

"အင်း ပြောလေ...အယာ... ငါ့ကို ဘာပြောဖို့လဲ?"

ထိုအချိန်မှာတော့ ဟိန်းစင်မျက်နှာကို ငေးကြည့်လိုက်မိသည်။ ဟိန်းစင်က အခု ရန်ကုန်ကနေ ကလောဘက်သို့ တာ၀န်ကျနေတာ ရက်အနည်းငယ်ပဲ ရှိသေးသည်။ ဆရာမကြီးတစ်ယောက်၏ သားက သူ့အမေ ဂုဏ်ကို ထိန်းလျက် ဆရာကောင်းတစ်ယောက် ဖြစ်နေပြီဖြစ်သည်။

ကျောင်းသားကတည်းက ဆရာ အင်္ဂါရပ်နှင့် ရှိနေသည့် ဟိန်းစင်က အခုလို ဆရာတစ်ယောက် ဖြစ်ချိန်မှာတော့ အရင်ထက် ပိုပြီးတော့တောင် တည်ငြိမ်နူးညံ့နေပါသေးသည်။ ငယ်ငယ်လေးကတည်းက အတန်းခေါင်းဆောင်အဖြစ် တာ၀န်ယူခဲ့ပြီး မိဘဆုံးမသွန်သင်မှုအောက် ရှိနေသည့် ဟိန်းစင်ကတော့ တည်ကြည်နေသည်။ တောက်မယ့် မီးက ရဲရဲ ဆိုသလိုပင် ငယ်ငယ်လေးကတည်းက ဟိန်းစင်က သူများကို စာရှင်းပြတာ၊ စာသင်ပြရာ၌လည်း စိတ်ရှည်သည်းခံမှုအပြည့်ဖြစ်သည်။

စတစ်ကော်လံ လက်ရှည်နှင့်သူက ခေါက်ရိုးကျကျနှင့် ဆရာတစ်ယောက်၏ ဂုဏ်ပုဒ်အပြည့် ဖြစ်ပါသည်။ ကျွန်တော်လည်း ဟိန်းစင်ကို ပြုံးကာ ကြည့်လိုက်ပြီး သူ့လည်တိုင်က ဒဏ်ရာကို မြင်စဥ်မှာတော့ ထိန်းထားခဲ့သမျှ စိတ်ခံစားမှုတို့က ဖွင့်ဟတော့မလို....။ သို့ပေမယ့် အချိန်အခါ မသင့်သည်မို့ ပြန်လည်ထိန်းချုပ်မှုဖြင့်....

"ဟိန်းစင်..."

"ပြောလေ... အယာ..."

"မင်း... ငါ့အပေါ် စိတ်ရှိသေးလား?"

ရုတ်တရက် ထိုစကားလုံး ကြားချိန်မှာတော့ ဟိန်းစင်၏ တည်ငြိမ်မှု အလုံးစုံက ကွယ်ပျောက်သွားသလို။ ကျွန်တော့်ကို သေချာစွာ ကြည့်နေရင်းမှ....

My Personal Property(Complete)Where stories live. Discover now