အပိုင်း (၁၅)

10.8K 800 44
                                    

{Unicode}

... Won't be mine anymore...?

"အမလေးကွယ်... ငါ့သမီးလေးက လှလာလိုက်တာ။ အခုဆို သူနာပြု၀တ်စုံလေးနဲ့ ယဥ်နေတာပဲ...."

မေမေကတော့ ကိုယ့်သမီးလေးကို ချီးမွမ်း၍ မဆုံးဖြစ်နေသည်။ Uniformလေးကို အကျအန ၀တ်ဆင်ပြီး မှန်ထဲပေါ်နေသည့် မိမိပုံရိပ်ကို သဘောကျစွာ ကြည့်နေမိသည်။

ဒီလိုလေး...
ဒီလိုလေးဖြစ်လာရခြင်းရဲ့ ရည်ရွယ်ချက်က ကိုကိုကြောင့်ပင် ဖြစ်သည်။

စာအရမ်း မတော်တဲ့ မွန်းချိုကို ဂရုတစိုက် စာပြပေးခဲ့တဲ့ ကိုကို။ စိတ်မရှည်တဲ့ အကြားက မွန်းချိုအတွက် စိတ်ရှည်ပေးခဲ့တဲ့သူ။ ကိုကို ရှစ်တန်းတုန်းကတည်းက ​ေ၀းကွာသွားခဲ့ပြီး အခုတော့ ကိုကိုက နယ်ကို ပြန်ရောက်နေပြီတဲ့။ ဒီuniform ၀တ်စုံလေးနဲ့ မွန်းချိုကို မြင်ရင် ကိုကို ဘယ်လောက်အံ့သြသွားမလဲ မသိ။

ငယ်ငယ်ကတည်းက ဆွဲဆောင်မှုရှိရှိ ချောမောခဲ့သည့် အစ်ကိုက အခုဆို ပိုပြီးတော့တောင် ဆွဲဆောင်မှု ရှိမှာပင်။ တွေးရင်းဖြင့် ကိုကို့ကို တွေ့ချင်သည့် စိတ်များက ထိန်းမရ ဖြစ်စဥ်မှာတော့...

"Mom .... ကိုကိုရောဟင်? ကိုကို ဒီကို ပြန်ရောက်နေတယ် မလား? ဘကြီးခက်ဆီ မွန်းချို သွားကြည့်ရမလားဟင်?"

"သြော်... သမီးရယ်။ ဆက်လေးက အခုအိမ်မှာ မရှိသေးဘူး။ မြို့ကို ခရီးထွက်သွားတာ သုံးရက်လောက် ကြာမယ်တဲ့။ ပြန်လာမှ သွားတွေ့တာပေါ့...။ အခုတော့ တိုက်နယ်ဆေးခန်းမှာ တာ၀န်ထမ်းဆောင်နေတဲ့ အမေ့သမီးလေးကို တွေ့ချင်တယ်ကွယ်..."

"အင်... ကိုကိုကလည်း ဘာလို့ လျှောက်သွားနေလဲ မသိဘူး။ မွန်းချိုက ကိုကို့ကို စောင့်နေတာကို...."

တိုက်နယ်ဆေးခန်း....

" မွန်းချို... ဒါက ဒီတိုက်နယ်ဆေးခန်းရဲ့ ဆရာ၀န်  Doctor ယစ်မူးသည်းကြင်ယာတဲ့။ မချောဘူးလား?"

သူနာပြု နန်းမွန်စကားကြောင့် ကျွန်တော် မနေတတ်စွာ ပြုံးပြမိလိုက်သည်။ ထိုအခါမှ ဒီနေ့မှ ဆေးခန်းကို ရောက်လာသည့် သူနာပြုမလေး မွန်းချိုကတော့....

My Personal Property(Complete)Where stories live. Discover now