အပိုင်း (၂၆)

8.8K 582 17
                                    

{Unicode}

... နောက်တစ်ကြိမ်
ထပ်ပြီး မွေးဖွားရင်တောင်
အစ်ကို့ကို ချစ်ဖို့ ...

***

ချင်းပြည်နယ်....

နံနက်ပိုင်း....

"ထမင်း... လာစားတာပါ..."

ထမင်းဗူးလေးကို ဆွဲကာ သူ့အိမ်ရှေ့သို့ ရပ်တည်လိုက်မိသည်။ ထိုအချိန်မှာတော့ အခုမှ တောထဲက ပြန်လာသည်လား မသိသည့် အစ်ကိုက ခန္ဓာကိုယ်မှာ အနည်းငယ် ပေကျံလျက်... စိုရွှဲလျက်....။

သူက ကျွန်တော့်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ အနောက်ဘက်မှ ရေတံခွန်ဘက်သို့ ထွက်သွားသည်။ ထိုအချိန်မှာတော့ ကျွန်တော် အနည်း ၀မ်းနည်းသလို ခံစားရသည်။

အရင်ကဆိုလျှင် အစ်ကိုရဲ့ အရေးယူမှုတွေအကြား ကျွန်တော်က အစ်ကိုရဲ့ အာရုံစိုက်မှုတွေ အပြည့်အ၀ ရထားနိုင်တာပင်။ ဘယ်သူ့ဆီကိုမှ မ​ေ၀မျှနိုင်တဲ့ အာရုံစိုက်မှုတွေကို ကျွန်တော် တစ်ယောက်တည်း ရနေတာမျိုးပေါ့။

တစ်နေ့က အစ်ကို့ကို တွေ့ပြီးသည့် နောက်မှာတော့ ကျွန်တော့်ကို အစ်ကို့ကို တစ်နေ့တစ်ခါ တွေ့ဖို့ အကြောင်းဖန်ကာ လာမိသည်။ အစ်ကို့ဘေးအနားရှိဖို့ အကြောင်းဖန်မိသည်။ တစ်ခါတစ်လေ အစ်ကို ဘယ်ဟာမျိုးကို သဘောကျလဲ ? ထိုအရာကိုပင် ထပ်ကာ ထပ်ကာ လုပ်နေမိသည်။

သို့ပေမယ့် အစ်ကိုကတော့ ကျွန်တော့်ကို စကားကောင်းကောင်း ပြောမလာသေးပါ။ အစ်ကို့အခြေအနေကို ဖောခက်တို့ကို ဖုန်းနဲ့ ဆက်ပြောထားပြီးသား ဖြစ်သည်။ ဖောခက်တို့က ချက်ချင်း လိုလာဖို့ လုပ်ပေမယ့် ကျွန်တော်က အစ်ကို့စိတ်အခြေအနေကို အရင်ဆုံး အနားပေးဖို့ တောင်းဆိုမိသည်။

ကျွန်တော်လည်း အစ်ကိုရဲ့ ​ခြေတံရှည် ၀ါးပိုးအိမ်လေးဆီ သွားပြီး ဧည့်ခန်းက ခုံငယ်လေးပေါ် ထမင်းထုပ်ကို ချထားမိသည်။ ထို့နောက် အစ်ကို ပြန်အလာကို စောင့်နေမိရင်း အစ်ကို့အိမ်ပေါ်မှ မြင်နေရသည့် ရှုခင်းကို ငေးမောကြည့်နေမိသည်။

ထင်းရှုးပင်များက ပတ်လျှက် ၀ိုင်းကာထားပြီး မြက်ခင်းစိမ်းစိမ်းစိုစိုများ ၀ိုင်းလျက် ရှိနေသည်။ ထို့နောက် တောပန်းလေးများက ဟိုတစ်ကွက် ဒီတစ်ကွက် ပန်းချီတစ်ချပ်ကို ဖော်ကျူးနေသလိုပင်။

My Personal Property(Complete)Where stories live. Discover now