3🖤

192 24 4
                                    

Zawgyi

လေယာဉ်အကြာကြီးစီးရသည့်အခါ နွမ်းနယ်သွားသော ကလေးငယ်ကို လက်တစ်ဖက်ဖြင့်ချီပြီး အိတ်ကိုဆွဲ၍ ထွက်လာခဲ့သည်။

လေဆိပ်အဝရောက်တော့ အဝတ်ထုတ်များကို Daddyလွတ်လိုက်သော လုံခြုံရေးများကသယ်ပြီး သူကတော့ ကလေးငယ်ကိုသာ ထိန်းကိုင်လျက် ကားထဲဝင်ထိုင်လိုက်သည်။

နိုင်ငံခြားခရီးစဉ်သည် ပထမဆုံးဖြစ်ပေမယ့် အဆင့်တန်းမြင့်မြင့်သာ နေလာရသော ဖီဟန်းအတွက် သာလွန်ထူးကဲနေတာမျိုးမရှိချေ။

Kim SeokJin သည်လည်း ထပ်တူပင်။ ငယ်ရွယ်လွန်းသည့်အရွယ်ဟူ၍ အထင်သေးလို့မရအောင်ကို ပတ်ဝန်းကျင်အသစ်မှာ အချိန်တိုအတွင်းနေသားကျလာသည့် ကလေးငယ်ဟာ ဘာသာစကားတစ်ခု သင်ယူရာတွင်လည်း အခက်ခဲရှိသည့်ပုံမပေါ်ခဲ့။

ကျောင်းကတစ်ဖက် Daddy companyကိုလည်း ရသလောက်ကူလိုက်နဲ့မို့ Kimနဲ့ ဖီဟန်းဟာ တစ်နေ့လုံးနေမှ တစ်နာရီမျှသာ အများဆုံးဆုံတွေ့ခွင့်ရလာသလို ဖီဟန်း၏ ပိုသမျှ၊ နားသမျှ အချိန်အားလုံးသည်လည်း Kimအတွက်သာ ဖြစ်သည်။

အလုပ်တွေစာတွေနဲ့ နဘန်းလုံးရင်း ရာသီတွေပြောင်းလဲလာသလို Kim SeokJin ဟူသော ကလေးငယ်ဟာလည်း တစ်စတစ်စနှင့် အရွယ်ရောက်လာခဲ့သည်။

14နှစ်ဟူသော အချိန်ကာလကုန်ဆုံးပြီးနောက် Kim SeokJin သည် အထက်တန်းပြီးခါနီးအချိန်တွင် မြင်သူတကာငေးလောက်သည်အထိ အရှိန်အဝါအပြည့်နှင့် ချောမောသော လူငယ်တစ်ဦးဖြစ်လာခဲ့ပါသည်။

အထူးသဖြင့် Kim SeokJin သည် အရွယ်ရောက်လာသည်နှင့်အမျှ အိမ်ရှေ့စံ၏ ယခင်ရုပ်အသွင်အတိုင်း ဖြစ်လာခဲ့သည်။

အသားဖြူဖြူ အရပ် 5'11နှင့် အချိန်ရတိုင်း Gymသွားဆော့တက်သော ခန္ဓာသည် ကြွက်သားများက မဖောင်းကြွနေဘဲ ပိန်ပိန်ပါးပါးကိုမှကြွက်သား ကပ်ကပ်တွေက အလှပဆုံးနေရာယူလျက် ရှိသည်။

ထိုနည်းတူ ဖီဟန်းသည်လည်း အမြင့်ဆုံးတက္ကသိုလ်မှ ဘွဲ့ရခဲ့သလို ဖခင်၏ Companyမှာလည်း ရာထူးအမြင့်ဆုံးဖြင့် လုပ်ကိုင်လျက်ရှိပြီး မကြာမှီအချိန်တွင်း Company၏ CEOနေရာအား ယူရန်အဆင်သင့်ဖြစ်နေပြီဖြစ်၏။

ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH Where stories live. Discover now