19🖤

132 21 5
                                    


Zawgyi

မင်းညီလာခံအတွင်း ပုံမှန်ထက်ပိုလွန်နေသော လူများသည် အိမ်နီးချင်းတိုင်းပြည်တွေက အမတ်ကြီးများ ၊ မင်းညီမင်းသားများနှင့် ဘုရင်များပါ ရောက်ရှိလို့နေ၏။

အကြောင်းကား နှစ်နှစ်ကျော်အချိန်မျှ ကြာမြင့်ခဲ့သော စစ်မက်ကြီးပြီးဆုံးအနိုင်ရရှိသည်မို့ ဘုရင်မင်းမြတ်အား ဂုဏ်ပြုပေးရန် အတွက်သာဖြစ်သည်။

ဤသို့သော လူအများအတွင်းမှာမှ အမတ် ယူဂမ် ၏ ညီတော်သည် တခြားတိုင်းပြည်က ကိုယ်စားလွတ် အမတ်အဖြစ် တက်ရောက်လာသည့်အပြင် သမီးတော်ဖြစ်သူ ချွဲယူမီ လည်း ပါဝင်လာတာမို့ ဘုရင်ငယ်သည် သိသိသာသာရော မသိမသာပါ ငြူစူလို့နေ၏။

ဘုရင်မင်းမြတ်၏ ဦးဆောင်တက်ပုံ၊ အင်အားကြီး စစ်သည်တော်များအား အထင်ကြီးခြင်း၊ စစ်ပွဲတစ်ခုလုံးအား တာဝန်ယူ အောင်နိုင်ခဲ့သည့် ဖီဟန်းအား ချီးမွန်းပြောဆိုချိန် ချွဲယူမီသည် ဖီဟန်း အား မကြာခဏငေးကြည့်တက်၍ ဖီဟန်းနှင့်အကြည့်ချင်းဆုံတိုင်း ခေါင်းငုံ့ရှက်သွေးဖြာနေသည့် ပုံစံကအစ အိမ်ရှေ့စံ၏ ဒေါသမီးကို လောင်စာဖြည့်ပေးနေသကဲ့သို့ပင် ဖြစ်နေ၏။

ညီလာခံသိမ်းသည်နှင့် အပြင်သို့ အလျှင်အမြန် ထွက်သွားသည့် အရှင့်သား၏ မျက်နှာသည် အလိုမကျမှုများစုပုံနေမှန်း ဖီဟန်းရိပ်မိတာမို့ လိုက်သွားဟန်ပြင်တော့ လက်အားဆွဲကိုင်တားလာသည့် ချွဲယူမီကြောင့် လှမ်းမည့်ခြေလှမ်းများဟာ တိခနဲရပ်သွားတော့သည်။

"အို စိတ်မရှိပါနဲ့ စစ်သူကြီး ဂျယ်မီက ဂုဏ်ပြုစကားပြောချင်လို့ပါ"

တိုင်းတစ်ပါးကနေ လာရောက်ခဲ့သည့် ဧည့်သည်တော်အား ဖီဟန်း အားနာခြင်းများစွာကို ပိုက်လျက် အလိုက်သင့် စကားပြောရင်းသာ ညီလာခံအပြင်ကို အတူထွက်လာလိုက်သည်။

ဘုရင်ငယ်သည် ညီလာခံကထွက်လာပြီး နဂါး နန်းဆောင်ကို ပြန်ရာလမ်းတွင် သရက်ပင်ကြီးမှ ဝင်းလဲ့မှဲ့ရော်နေသည့် သရက်သီးများအား တွေ့လိုက်ရသည်။

စိတ်ထဲ အပြောင်းအလဲဖြစ်သွားအောင်လို့ အနားကလိုက်လာသော ရံရွေတော်များကို မောင်းထုတ်လိုက်ပြီး အနီးမှာ မည်သူမှမရှိသည့်အခါမှ ပင်စည်၏ အဖုအထစ်များကို ကုတ်တွယ်တက်၍ သစ်ကိုင်းကြီးတစ်ခုအပေါ်ရောက်သည့်အခါမှ ခွထိုင်လိုက်၏။

ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH Where stories live. Discover now