24🖤

121 20 1
                                    

Zawgyi

" ငယ်လေး ဘယ်တွေလျောက်သွားနေတာလဲ"

စားပွဲပေါ်ရှိ ဖုန်းနှင့် ကျောပိုးအိတ်ကိုယူရင်း

"ကိုကို ငယ်တို့လုပ်စရာလေးရှိလို့ အရင်ပြန်နှင့်လိုက်ပါလား"

"ရပါတယ် ကိုယ်စောင့်နေမယ်လေ အိမ်ပြန်ပို့ပေးမယ်"

ခပ်လှမ်းလှမ်းက ရပ်ကြည့်နေသည့် Joonကို Kim တချက်လှည့်ကြည့်လိုက်သည်။

"ဟင့်အင်း ကိုကို အရင်ပြန်လိုက်ပါ ငယ် နောက်မှ Joonနဲ့အတူပြန်လိုက်မယ်"

စကားပြန်တာကိုပင်မစောင့်ဘဲ လှည့်ထွက်သွားသည့် ကလေးငယ်ကို ရပ်ကြည့်နေရုံကလွဲပြီး ဘာမှမတက်နိုင်ခဲ့ချေ။

"ပြီးပြီလား"

"အင်း ဒီမှာ မင်းလွယ်အိတ်....လာသွားမယ်"

Joonလက်ထဲ လွယ်အိတ်တစ်လုံးထည့်ပေးပြီး Jungkook ရှိနေသည့် club ၏ VIPအခန်းအတွင်းသွားရန်သာ ပြင်လိုက်ကြသည်။

စိတ်ထဲတွင် မွှန်းလွန်းသည်ကြောင့် နှာခေါင်းထိပ်ပင် စပ်ဖျင်းဖျင်းဖြစ်နေပြီး နှုတ်ခမ်းကိုကိုက်ရင်း ခေါင်းငုံ့ထိုင်နေမိတာ အချိန်တစ်ခုထိကြာမြင့်ပြီ ဖြစ်သလို အနားတွင် တိတ်ဆိတ်လျက် ထိုင်နေကြသည့် သူတွေလည်း လူစုံပြီဖြစ်၏။

ငြိမ်သက်လွန်းသည့် အခြေအနေအား ဖြိုခွင်းသူသည် ဇီလန်ပင်ဖြစ်သည်။

" ငါတို့ နားထောင်ပေးမှာမို့ စိတ်ထဲရှိသမျှအကုန်ပြောလို့ရတယ် "

"ငါက Gay "

အသက်ကိုပင့်ရှုရင်း ပထမဆုံး ရင်ဖွင့်စကားအဆုံးမှာ ဇီလန်က လက်ကို ဆုတ်ကိုင်ထားပေးသည်။

"အင်း"

"ငါ တစ်ခါတစ်လေ မိန်းကလေးအဝတ်အစားတွေဝတ်ရတာကို သဘောကျတယ် ဒါပေမယ့် အမြဲတမ်းတော့မဝတ်ချင်ဘူး"

"အင်း"

"စိတ်တွေမွန်းကျပ်လာရင် မိန်းကလေးအဝတ်အစားတွေဝတ်ပြီး ဘယ်သူမှမသိတဲ့ တခြားလူတစ်ယောက်လို ကခုန်နေရတာကိုကြိုက်တယ်....ငါ့ရဲ့ထူးဆန်းတဲ့ စိတ်ထွက်ပေါက်ရှာနည်းလို့ပဲ ပြောရမှာပေါ့"

ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH Where stories live. Discover now