20🖤

135 20 4
                                    

Zawgyi

"ဟားဟား....ဆလွန်း ဒီကိုလာ ခ်ခ်ခ်"

မိုးသောက်လင်းလို့ ကျေးငှက်များအသံကြားထဲက ရယ်သံ တစ်ခစ်ခစ်ဟာ အမြင့်နန်းဆောင်ရဲ့ သလွန်လွှာပေါ် လှဲနေသူ၏ နားစည်ထိ ရောက်နေခဲ့၏။

ပုံမှန်ဆို ခီရာ၏ စိတ်အနေအထားရ ကိုယ့်တိုင်းပြည်မှာသာဆိုလျင် ထိုသို့သောရယ်သံအား တစ်သက်သာ အသံမထွက်နိုင်တဲ့ထိ လုပ်ပစ်မိနိုင်၏

ယခုကား အရင်နဲ့ကွဲလွဲစွာ ခပ်သဲ့သဲ့ရယ်သံလေးအနောက်မှာ ခီရာ၏ မြင်ရခဲသော အပြုံးလှလှလေးသည်လည်း အချိုသာဆုံး ပေါ်ထွက်လို့နေ၏။

~ဝုတ်~ဝုတ်

ပြတင်းပေါက်က စက္ကူလွှာအား လက်ဖြင့်အနည်းငယ်ဖောက်၍ မမြင်သာလောက်သည့်နေရာကနေလှမ်းကြည့်လိုက်တော့။

ဘဝတစ်သက်သာမှာ မြင်ဖူးသမျှထဲ အလှဆုံးသော အပြုံးတွေထက် သာလွန်သည့် အပြုံးတွေသည် ဘုရင်ငယ် Kimဟူသော နတ်ဘုရားငယ်ထံ ဖြစ်တည်လေ၏။

နက်မှောင်သည့် ဆံနွယ်ရှည်များကို ဖြန့်ကျန့်ထားပြီး ရိုးရှင်းသော ပန်းနုရောင်ပိုးသား ဝတ်ရုံဖြင့် ဘုရင်ငယ်သည် လူသူမရှိသည့်နေရာမှာ ရာထူး အာဏာများကို ခဝါချ၍ ခွေးဖြူလေးတစ်ကောင်နှင့်အတူ ပြေးလွှားလျက် ပျော်မြူးလို့နေ၏။

"အရှင့်သား !"

ဘုရင်ငယ်ကဲ့သို့နီးနီး တောက်ပြောင်စွာ ခန့်ညားလွန်းသည့် စစ်သူကြီးဆိုသူ၏ ခေါ်သံကြောင့် လှည့်ကြည့်၍ ပြုံးလိုက်သည့် ဘုရင်ငယ်သည် အခုနက ခွေးဖြူလေးနှင့် ကစားနေတုန်းကထက်ပင် ပိုမိုတောက်ပလို့နေ၏။

ညီလာခံမှာ ဘုရင်မင်းမြတ်ထံ ငြိမ်းချမ်းရေး ပေလွှာဆက်သတုန်းက "အရှင့်သား"ဟု ခေါ်မိတဲ့ ကိုယ့်ကို ဘယ်အာဏာ၊ မျက်မှမထောက်ဘဲ စူးစူးဝါးဝါးကြည့်လျက် ခါးခါးသီးသီး မခေါ်ဖို့ပြောခဲ့သည့်ဘုရင်ငယ်။

စစ်သူကြီး ဆိုသူသည် ဘုရင်ငယ်နှင့်အတူ ကြီးပြင်းလာရကြောင်း ရဲမတ်များပြောသံကြားသည့် အချိန်က ဝန်တိုမှုများဟာ ခီရာရင်ထဲ မီးတောင်ကြီး လောင်ကျွမ်းသကဲ့သို့ကို တဟုန်ထိုး။

ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH Where stories live. Discover now