Zawgyiအဖြူရောင်အုတ်ဂူရှေ့တွင် ဘာစကားမှမပြောဘဲ ရပ်နေကြသူများသည် ကိုယ်စီ စိတ်မကောင်းခြင်းများစွာကိုပွေ့ပိုက်ထားသည်။
အကြောင်းပြချက်မရှိဘဲမှားခြင်းဟူသော သတ်ပုံမှားတွေသည် ဒဏ္ဍာရီထဲ ပြန်ဖျက်မရသည့် ခပ်နာနာ စာလုံးတွေသာဖြစ်လိမ့်မည်။
စာရွက်တချို့ကိုပြန်လှန်ကြည့်ခဲ့ပါလျှင် ဖြစ်ရပ်တွေသည် လွန်ခဲ့သော7နှစ်ဆိုသည့်အချိန်အခါစီသို့........
ည11:30 လမ်းမီးဓာတ်တိုင်များကလွဲရင် မှောင်မိုက်နေသော လမ်းမထက်တွင် ကားတစ်စီးအရှိန်ပြင်းစွာထိုးရပ်ပြီး တဖက်ကားလမ်းက တိုက်အိမ်ကြီးစီသို့ လူနှစ်ယောက် အလောတကြီးလျှောက်သွားလေ၏။
~ဒုန်း~ဒုန်း~
အိမ်မကြီး၏ တံခါးအား အရှိန်ပြင်းပြင်းထုရိုက်တော့ အကူကောင်လေးတစ်ယောက်က ပြာသလဲလဲ လာဖွင့်ပေးရင်း
"အကိုလေး SeokJin ညသန်းခေါင်ကြီး ဘာကိစ္စရှိလို့လဲ ခင်ဗျ"
" ဖီဟန်း ဘယ်မှာလဲ"
"သခင်လေးက အလုပ်ခန်းထဲမှာပါ"
"သွားခေါ်လာခဲ့ "
"ဟုတ် ဟုတ်"
အကူကောင်လေးအပေါ်တက်သွားချိန် ဆူညံသံတွေကြောင့် ဖီဟန်း၏အမေ ဂါအင် ထွက်လာခဲ့လေသည်။
"SeokJinသား ဒီအချိန်ကြီး ဘာအရေးကြီးကိစ္စရှိလို့လဲ"
"ကျွန်တော် ရှင်းစရာလေး ရှိလို့ပါ"
"ငယ်လေး ကိုယ့်စီလာတယ်......."
လှေကားက မပြေးရုံတမယ်ဆင်းလာသော ဖီဟန်းသည် ငယ်လေးဘေးမှ Joonအားမြင်သည့်အခါ ပြောလက်စ စကားများရပ်တန့်သွားသည်။
"ကျွန်တော်တို့ သီးသန့်ပြောကြမလား "
"ကောင်းပြီ ကိုယ့်အလုပ်ခန်းကို လိုက်ခဲ့"
တွဲထားသည့် လက်တစ်စုံကို မျက်ကွယ်ပြုရင်း အရှေ့မှ ထွက်လာလိုက်သည်။
"ငယ်လေး ဘာပြောမလို့လဲ"
"ဘာတွေ မသိချင်ယောင်ဆောင်နေတာလဲ ဖီဟန်း "
YOU ARE READING
ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH
Fanfictionမည်သူ့အချစ်သည် ပိုကြီးမြတ်ခဲ့ပါသနည်း။ ~NamJin~