17🖤

144 21 3
                                    


Zawgyi

"ငါမဆင်းရဲဘူး"

"ကျွန်တော်မျိုးကို ယုံကြည်ပြီး ခုန်ချလိုက်ပါ"

ညီလာခံကိုပျက်ကွက်ကာ နန်းတော်အပြင်ဘက်အား ခိုးထွက်ဖို့ အရှင့်သားက စေခိုင်းခဲ့သည်။ နံရံကိုကျော်ရုံသာ ကျန်တော့သည့်အချိန်တွင်တော့ အရှင့်သားက ခုန်မဆင်းရဲဟုဆိုကာ ဂျစ်တိုက်တော့၏။

"မင်းကိုယုံပေမယ့် မဆင်းရဲဘူး မင်းဒဏ်ရာတွေကလည်း သက်သာကာစရှိသေးတာ "

"ရပါတယ်ဗျာ ကျွန်တော်မျိုး ဖမ်းထားပေးပါ့မယ် ခုန်ဆင်းလာခဲ့ပါ"

သက်ပြင်းကိုအသာချ၍ စိတ်ဆုံးဖြတ်ပြီး ဖီဟန်းအား လှမ်းပြောလိုက်သည်။

"မဆင်းတော့ဘူး နန်းတော်အပြင်ကစောင့်နေ ငါ့ဘာငါထွက်လာခဲ့မယ်"

ထပ်ပြောချင်ပေမယ့် အရှင့်သား၏ အကြည့်စူးစူးကိုရသည့်အခါ အမိန့်အတိုင်း နန်းတော်အပြင်ဘက်မှာသာ စောင့်နေလိုက်၏။

"ဖီဟန်း!!"

"အရှင့်သား"

နန်းတော်ရဲ့အပြင်ကိုရောက်သည်နှင့် ဖီဟန်းလက်မောင်းအား အပိုင်စားယူ ဖက်တွယ်ထားတော့၏။

"ဘယ်သွားချင်လဲ အရှင့်သား"

"ဒီတိုင်းပဲ တိုင်းသူပြည်သားတွေရဲ့ အခြေနေကို တိတ်တဆိတ် ကြည့်ချင်တယ်"

ဤသည်က အရှင့်သားရဲ့ အဖြူစင်ဆုံးသော အချက်တွေထဲက တစ်ခုအပါအဝင်။

ရိုးရိုးသာမာန် သူဌေးအိမ်ကလူတစ်ယောက်လို ဝတ်စား၍ နေရာအနှံ့အပြားလျှောက်သွားတက်၏။

အရှင့်သားအမြဲပြောနေကြစကားသည်

"သူများတင်ပြတာကို နန်းဆောင်ထဲက ထိုင်နားထောင်ပြီး တိုင်ကြားစာတွေဖတ်နေရုံနဲ့ တိုင်းသူပြည်သားတွေရဲ့ ခံစားချက်ကို နားလည်နိုင်မှာမဟုတ်ဘူး။ ခေါင်းဆောင်တစ်ယောက်က သူများပြောမှ ကြားသိရတာထက် ကိုယ်တိုင်မျက်စိနဲ့မြင်အောင်လိုက်ကြည့်ပြီး အေးအတူပူအမျှ စာနာတရား ထားတက်ရတယ်" ဟူ၍သာဖြစ်သည်။

ထုံးစံအတိုင်းပင် လူရှုပ်သည့် နေရာများမှ လူပြောများသည့် သတင်းစကားတွေ
ကောင်းခြင်း မကောင်းခြင်းအကုန်နားထောင်ကာ နွမ်းပါးသည့် အိမ်များကိုလည်း ပါလာသည့် ငွေသားများအား ထောက်ပံ့ပေးသည်။

ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH Where stories live. Discover now