15🖤

157 22 5
                                    


Zawgyi

ရှီလာတိုင်းပြည် Kim SaeJeon ဘုရင်မင်း အုပ်စိုးစဉ်ကာလ

ချမ်းအေးလှသည့် လပြည့်ညတွင် မိဖုရားခေါင် သည် Kimမျိုးဆက် သားတော်တစ်ပါးကို ဖွားမြင်တော်မူခဲ့သည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း နက္ခတ်အား တပြိုင်ထဲဆုတ်ကိုင်လျက် ဖွားမြင်လာသော
ဘုရင့်သားတော်ကြောင့် ဇာတာအကြိမ်ကြိမ် တွက်ချက်နေရသော သုခမိန်တချို့သည် ဘုရင်မင်းမြတ်၏ အမျက်တော်ရှသည်နှင့် ဇီဝိန်ချုပ်ငြိမ်းသွားရပြီဖြစ်၏။

ရက်လတွေကြာမြင့်လာသည်နှင့်အမျှ ပိုမိုနာမကျန်းဖြစ်လာသည့် သားတော်ဟာ ဖွားမြင်ပြီး ၅လမပြည့်မှီအချိန်မှာပင် ယခင်ထက် အခြေနေဆိုးရွားလာခဲ့သည်။

တစ်နေ့သော် ကြယ်နက္ခတ်တာရာများကို ဖတ်သည့် သုခမိန်အမတ်ကြီး ဂိုဂျီသည် နားလည်သိရှိခဲ့သော သတင်းစကားအား ဘုရင်မင်းမြတ်ထံ လျှောက်တင်ခဲ့သည်။

"အရှင်မင်းမြတ်ရဲ့ သားတော်ဟာ သေဆုံးခြင်းနဲ့ ရှင်သန်ခြင်းနက္ခတ်ကြား မွေးဖွားခဲ့တာ အမှန်ပါ။ သို့ပေမယ့် အခြေနေတရပ်အား ကျော်လွှားနိုင်မယ်ဆိုရင် ဘုန်းတန်ခိုးအရှိန်အဝါကြီးစွာဖြင့် ရှင်သန်ခွင့်ကိုရရှိမှာပါ မင်းကြီး"

သုခမိန်ကြီးရဲ့ လျှောက်တင်မှုကိုကြားတော့ ဘုရင်မင်းမြတ်ဟာ မျှော်လင့်ချက်ရောင်ခြည်များပြန်လည်သန်းလာပြီး

" မောင်မင်းပြောတဲ့ အခြေနေတရပ်ဆိုတာကို လျှောက်တင်"

" အရှင်မင်းမြတ် သားတော်ရဲ့ ဇာတာကို ကျွန်တော်မျိုး စစ်ဆေးကြည့်တော့ နောက်ဆုံး ကံကြမ္မာအဆုံးအဖြတ်ဟာ လာမည့် လပြည့်ညမှာ အဆုံးသတ်ပါတယ်။ အဲ့ဒီညမှာ ကာကွယ်မှုနက္ခတ်နဲ့ မွေးဖွားလာမည့် သူသာလျင် အရှင်မင်းမြတ်ရဲ့ သားတော်ကို ကယ်တင်နိုင်မှာပါ "

"အကယ်၍ လပြည့်ညမှာသာ မွေးဖွားသည့်သူမရှိခဲ့ရင်ရော"

"အဲ့ဒီလိုသာဆိုရင် အရှင်မင်းကြီးရဲ့သားတော်  ခံစားခဲ့သမျှ နာမကျန်းရက်တွေရော ရှင်သန်ခြင်းရက်တွေပါ အဆုံးသတ်မှာပါ"

ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH Donde viven las historias. Descúbrelo ahora