16🖤

146 22 3
                                    

Zawgyi

ချွင်~ချွင်~ချွင်

လေ့ကျင့်ကွင်းထဲ ရဲမတ်တစ်ယောက်နှင့် ယှဉ်ပြိုင် ဓားရေးကျင့်နေသည့် ဖီဟန်းသည် အသက်၁၈နှစ်လို့ပင် မထင်ရအောင် သန်မာထွားကြိုင်းလွန်း၏။

"တင့်တယ်လွန်းတယ်မလား"

"မသိကြောင်းပါ ဘုရင်ငယ်"

ရံရွေတော်၏စကားကို အိမ်ရှေ့စံ စိတ်မဆိုးခဲ့။ အဘယ်ကြောင့်ဆိုသော် ဖီဟန်း ဓားရေးကျင့်နေတာကို အဝေးကနေ မေးထောက်ငေးနေသူမှာ အိမ်ရှေ့စံ တစ်ယောက်တည်းဖြစ်ပြီး ကျန်သည့် ရံရွေတော်တွေက ခေါင်းငုံ့ထားရသောကြောင့်ပင်။

~ချွင်~

ရဲမတ်၏ ဓားကို အားကုန်လွဲရိုက်တော့ ပြုတ်ကျသွားပြီး ဖီဟန်းက ထိုရဲမတ်၏လည်ပင်းကို ဓားချွန်ဖြင့် ထောက်ထားလိုက်၏။

ယှဉ်ပြိုင်ခြင်း ပြီးဆုံးကြောင်းပေါ်လွင်သည့်အခါ အိမ်ရှေ့စံသည် အဝေးကနေ လက်ခုပ်သံကျယ်ကျယ်ဖြင့် အားပေးလေသည်။

ခမ်းလှမ်းလှမ်းက အရှင့်သားကို မြင်သည့်အခါ ဓားကိုပစ်ချ၍ အနားသို့ အလျှင်အမြန်ပြေးသွားလိုက်သည်။

"နေပြင်းလွန်းတယ် အရှင့်သား အရိပ်တစ်ခုအောက်မှာ နေတာမဟုတ်ဘူး"

နေထိုးနေသည့် အိမ်ရှေ့စံမျက်နှာကို အရိပ်ရအောင် လက်ဖဝါးဖြင့် နေကိုကာရင်းပြောတော့  နှုတ်ခမ်းလေးအနည်းငယ် စူထွက်လာ၏။

"ငါမင်းကိုစောင့်နေတာကြာပြီ....ထားတော့ လိုက်ခဲ့အခု "

ဖီဟန်းလက်အား ဆွဲ၍ ထွက်လာတော့ ရံရွေတော်များက ခပ်ကုတ်ကုတ်လေးလိုက်လာ၏။

"နေခဲ့ ငါအမိန့်မရမချင်း နဂါး နန်းဆောင်ကို ဘယ်သူမှမလာနဲ့"

နေရာမှာတင် ငြိမ်သက်သွားသည့် ရံရွေတော်များကိုကျော်၍ နဂါး နန်းဆောင်ကိုသာ ဦးတည်လျှောက်လာခဲ့၏။

နောက်ထပ်အမိန့်တော်တွေကြောင့်လည်း နန်းဆောင်ထဲရှိ ရံရွေတော် နှင့် အပျိုတော်တွေပါ နန်းဆောင်အပြင်ကို ထွက်လာကြရသည်။

နန်းဆောင်ထဲရောက်သည်နှင့် ဆံထုံးကို ဖြည်ချလိုက်ပြီး အဝတ်အစားကိုပါ ချွတ်လိုက်တာမို့ ဖီဟန်း အမြန် အကြည့်လွဲရ၏။

ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH Where stories live. Discover now