Zawgyi"အခုရော အခြေနေဘယ်လိုလဲ မေမေ သက်သာရဲ့လား"
"သက်သာပါတယ်....အဟွတ် အဟွတ်"
သက်သာတယ်ပြောပြီးတာတောင် ချောင်းသံတဟွတ်ဟွတ်က SeokJin အား ပူပန်စေသည်။
"သားပြန်လာခဲ့ရမလား"
"နေပါစေ သားငယ် ဟိုမှာသာ ပညာဆုံးခန်းတိုင်အောင်သင်။ မေမေက အသက်ရလာလို့ လူကြီးရောဂါတွေဖြစ်တာလောက်ပါပဲ"
"မေမေပိန်သွားတယ်"
နှစ်ရှည်လများစွာကြာတဲ့ အထိ မိခင်ရင်ခွင်နှင့်အဝေးမှာကြီးပြင်းလာသည့် ကလေးငယ်သည် Phone screen ပေါ်က အမေဖြစ်သူကိုကြည့်ရင်းဆိုရင်း စိတ်ထဲဝမ်းနည်းလာသည်။
"အခုထိအငိုသန်လေးလုပ်တုန်းလား "
"မဟုတ်ပါဘူးမေမေကလည်း"
မဟုတ်ဘူးသာပြောတာ မျက်ခမ်းစပ်နဲ့ နှာခေါင်းထိတ်လေးမှာနီတာရဲနေပြီဖြစ်သည်။
ကင်မ်မီဆူသည် သူမ သားငယ်အချွဲလေးအားကြည့်ရင်း မေတ္တာတိုးရပြန်သည်။"မေမေ ခေါင်းမူးသလိုဖြစ်နေလို့ အနားယူတော့မယ်နော်"
"ဟုတ်မေမေ ကျန်းမာရေးဂရုစိုက်ပါ"
ဖုန်းချပြီးသည်နှင့် မီဆူ၏ နွမ်းလျှနေသော မျက်နှာသည် ချက်ချင်းဝင်းပလာသည်။
"Toner အမြန်ယူလာစမ်းပါ ယောင်္ကျားရယ် မျက်နှာတွေယားလွန်းလို့"
ဂျယ်ဆော့သည် မိန်းမဖြစ်သူ၏ အိုက်တင်ကောင်းမှုများကိုကြည့်၍ Oscar ပါ ပေးချင်လာ၏။
သားဖြစ်သူ ပြန်လာဖို့အရေးကို နေမကောင်းသလို မိတ်ကပ်တွေဖြူဖက်ဖြူယော်လိမ်းပြီး ချက်ချင်း ဆေးရုံကောက်တင်ရခါနီးလိုတွေနှင့် မာယာများလှ၏။
"သားငယ်ဘာသာ ပညာလေးဆုံးခန်းတိုင်အောင် သင်ပါစေ မီဆူ ရာ"
"အိုး မသိဘူး ပညာက ရှာတက်ရင်ဘယ်နေရာမဆိုရတယ် 10နှစ်ကျော်ကြီးများတောင် သားအရင်းနဲ့ခွဲနေရတဲ့ ကျွန်မကိုလည်း စာနာပါအုံး အကိုရဲ့"
မိတ်ကပ်ဖျက်ပြီးနောက် သားငယ်၏အခန်းကို ပြန်ပြုပြင်ရန်အတွက် အစီစဉ်တွေချပြီးထွက်သွားတော့သည်။
YOU ARE READING
ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH
Fanfictionမည်သူ့အချစ်သည် ပိုကြီးမြတ်ခဲ့ပါသနည်း။ ~NamJin~