Zawgyi
ဖီဟန်း
"ရေးသားထားတဲ့ ပေရွက်များစွာထဲက ဒီတစ်စောင်ကိုပဲ စိတ်တိုင်းကျလို့ မင်းစီအရောက်ပို့ပေးလိုက်တယ်။ အရင်စာတွေအတိုင်း မင်းကျန်းမာရေး အဆင်ပြေရဲ့လားလို့ အစချီလိုက်မယ်။"
ဖီဟန်းပြုံးမိသွားသည် ရက်လနှစ်တွေကြာပြီး ရာသီဥတုတွေ ပြောင်းလာနေလည်း အရှင့်သားဟာ သူ့စီစာရေးဖို့ ဘယ်တော့မှမပျက်ကွက်ခဲ့။
"ခမည်းတော်ရဲ့ တာဝန်တွေကို တဖြည်းဖြည်းချင်းစီ ခွဲယူနေရတာမို့ တစ်ခါတစ်လေဆိုရင် သိပ်ပင်ပန်းတယ်"
အနားမှာသာရှိရင် ဖီဟန်းဟု အကျယ်ကြီးအော်ခေါ်ကာ စူပုတ်ပုတ်နှင့်ပြောပြနေမည့် ပုံစံလေး မြင်ယောင်လာတော့ စိတ်ထဲအေးခနဲ။
"ငါ့ဆံနွယ်တွေကို မင်းမရှိထဲက ကိုယ်တိုင် ဖီးသင်ထုံးရတာ ခက်ခဲလိုက်တာ။ ဆံချည်မျှင်တွေ အထွေးလိုက် ပါလာတဲ့ နေ့တွေဆိုရင် မင်းငါ့အနားရှိရင်ကောင်းမှာပဲလို့ တွေးမိသေးတယ်"
ဖီဟန်း ခါးမတ်သွားရသည်။ အမြဲတယုတယဖီးသင်ပေးခဲ့တဲ့ ဆံနွယ်တွေက အထွေးလိုက်ကျွတ်တယ်ဆိုတော့ ရင်တွေလည်း လေးရ၏။
"ကျန်းမာရေး ဂရုစိုက်ပါ ။ ငါ့အတွက်စိတ်မပူနဲ့ နန်းဆောင်အရိပ်ထဲ တိုင်ကြားစာတွေဖတ်ရင်း စီမံရုံလူက စစ်ပွဲကြားကမင်းလောက် ဘယ်ခက်ခဲပါ့မလဲ။ ဖီဟန်း အထိအခိုက်ကြီးကြီးမားမားမရှိဘဲ ငါ့ဆီပြန်လာခဲ့။ "
(အရှင့်သား Kim)
နောက်ဆုံးစာကြောင်းလေးကို ဖတ်ပြီးနောက် စာကို သေတ္တာထဲထည့်၍ သက်ပြင်းချလိုက်မိသည်။ ဒါဟာသေချာပေါက် နောက်ဆုံး စာလွှာပင်ဖြစ်သည်။
စစ်ကြီး ပြီးဆုံးသွားကာ ပုန်ကန်သည့် ဂျယ်ချွန်းတိုင်းပြည်အားသိမ်း၍ အနိုင်ရရှိခဲ့ပြီမို့ မကြာခင် အရှင့်သားအား ပေးခဲ့သည့် ကတိစကားကို တည်နိုင်တော့မည်ဖြစ်၏။
ထပ်တူလွမ်းရပါတယ်။
"စစ်သူကြီး သုံ့ပန်းတွေကို အကုန်စုထားပြီးပါပြီ"
ရွက်ဖျင်တဲ အပြင်က ပြောသည့် စစ်သည်တစ်ယောက်၏ စကားကြောင့် အတွေးနယ်လွန်ရာက အသိပြန်ဝင်လာ၏။
YOU ARE READING
ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH
Fanfictionမည်သူ့အချစ်သည် ပိုကြီးမြတ်ခဲ့ပါသနည်း။ ~NamJin~