5🖤

157 23 8
                                    

                      __ပျော်ရွှင်မှု__

Zawgyi

ဒီနေ့ဟာ ကျောင်းစတက်မည့်နေ့။ တကယ်တော့ ကျောင်းကိုပထမဆုံးရောက်သည့်နေ့ဆိုပိုမှန်လိမ့်မည်။ စာသင်မည့်ရက်ကမနက်ဖြန်မှဆိုပေမယ့် အဆောင်နေမည် သူတွေကတော့ ဒီနေ့ထဲက အရင်ရောက်နေကြပြီဖြစ်သည်။

တက္ကသိုလ်အနီးတွင် တိုက်ခန်းဝယ်ပေးမည်ပြောသော အမေ့စကားကို ငြင်း၍ ကျောင်းအဆောင်မှာသာနေရန်သာ ဂျီတိုက်ခဲ့ရသည်။

ငယ်ရွယ်တဲ့အချိန်မှာ ငယ်ရွယ်မှုကိုအပြည့်အဝခံစားရမှာပေါ့။

ကျောင်းအပေါက်ဝမှာ ရပ်နေရင်း အသက်ဝဝရူသွင်းလိုက်သည်။ ကိုယ့်မြေ ကိုယ့်လူမျိုးတွေရှိသည့် ကျောင်းမှာတက်ရမည့်ခံစားချက်သည်
Kim SeokJin အတွက်တော့အသစ်အဆန်း။

~အာ့~

ကျောင်းဝမှာရပ်နေတုန်း ပုခုံးကိုအတိုက်ခံလိုက်ရသည့် ခံစားချက်သည် ဇာတ်လမ်းတွေထဲကလို မနူးညံ့နေ။

အရှိန်ပြင်းသည့် တိုက်ချက်ကြောင့် Kim SeokJin တစ်ပတ်လည်ပြီး နာကျင်သွားသည့်ပုခုံးကိုကိုင်လျက် တိုက်သွားသည့်လူကို လှမ်းကြည့်လိုက်သည်။

ဒီတစ်ခါတော့ ဇာတ်လမ်းတွေထဲကအတိုင်း ခံစားလိုက်ရ၏။။

ပတ်ဝန်းကျင်တစ်ခုလုံးက အနှေးပြဇာတ်ကနေကြသလို မဖြူမညိုနှင့်ကောင်လေးသည် နက်မှောင်လှသော မျက်စံတွေဖြင့် တောင်းပန်သလို အားနာသလိုကြည့်ပြီးနောက် ဘာစကားမှမဆိုဘဲပြေးထွက်သွား၏။

အခုအချိန် ရင်ထဲလိပ်ပြာတွေ အုံလိုက်ကျင်းလိုက်ကြီး ပျံသန်းနေသည့် ဒီခံစားချက်ကိုဖွဲ့ဆိုရမည်ဆိုလျင်......

"သူခိုးဗျို့ သူခိုး!!"

ရင်ထဲမှာ သူခိုးက ဟမ်...သူခိုး?။

Kimအားတိုက်၍ ပြေးသွားသည့် ကောင်လေး၏အနောက်သို့ နောက်ထပ်ကျောင်းသားဖြစ်ဟန်တူသော မျက်မှန်နှင့် ကောင်လေးသည် သူခိုးဟုခေါ်ကာ ပြေးလိုက်လာတာကြောင့် ရှည်ရှည်ဝေးဝေးစဉ်းစားမနေဘဲ သူခိုးအား ကူဖမ်းရန် အတွက် Kimပါပြေးလိုက်ရန် ပြင်တော့သည်။

ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH Where stories live. Discover now