25 🖤

142 20 2
                                    

Zawgyi

" ဇီး ငါ့ကို ဒီအပိုင်းလေး ပြန်ရှင်းပြအုံး"

စာအုပ်ဖွင့် ခေါင်းချင်းစိုင်ပြီး စာစုလုပ်နေကြသော သူတို့အုပ်စုထဲတွင် Kimနှင့် Jimin မပါဝင်ခဲ့ပြန်ချေ။

"Hello"

"............"

"ဟုတ်ပါတယ် ကျွန်မ ဘီဇီလန်ပါ"

"............"

"ရှင်"

ဖုန်းချပြီး လွယ်အိတ်ထဲ စာအုပ်တွေအမြန်ကောက်သိမ်းနေသည့် ဇီလန့်ကို Joonနှင့် Jungkook နားမလည်စွာကြည့်ရင်း

"ဘာဖြစ်တာလဲ "

"နင်တို့ပါသိမ်း ဟိုကောင် Jimin အချုပ်ထဲမှာတဲ့"

" ဘာ !.....သူက ဘာလို့အချုပ်ထဲရောက်နေတာလဲ"

"လူရိုက်မှုတဲ့ ဟိုရောက်မှ မေးတော့ သွားမယ်"

ရဲစခန်းရှေ့ ကားတစ်စီးဟာ အရှိန်ဖြင့် ဝင်ရပ်ပြီးနောက် သုံးယောက်လုံး အထဲသို့ဝင်လာခဲ့သည်။

"Jimin Wanitanasi ကို အာမခံနဲ့ ထုတ်ချင်လို့ပါ"

"ရပါတယ် ခံဝန်ထိုးပြီးရင် ခေါ်သွားလို့ရပါပြီ နစ်နာသူဘက်က မကျေချမ်းဘဲ တရားစွဲတာမျိုးရှိနိုင်တာမို့ ဒီနှစ်လအတွင်း နိုင်ငံခြားထွက်ခွင့်တော့ ပိတ်ထားပါမယ်"

"ဟုတ်ကဲ့ "

ရဲသားတစ်ဦးက Jimin ကိုခေါ်လာတော့ ပေစောင်းစောင်းဖြင့် ခုံမှာထိုင်၏။

"နစ်နာသူနဲ့ တွေ့ချင်လို့ ဘယ်လိုဆက်သွယ်ရမလဲရှင့်"

"နစ်နာသူက အခု ဆေးရုံမှာပါ လူချင်းတွေ့ ပြီး ဆွေးနွေးကြပေါ့"

စခန်းက ပြန်ထွက်လာတော့လည်း ကားပေါ်ထိုင်ရင်း Jimin Jungkook ကို ကြည့်မနေ။

"ဆေးရုံကိုမောင်း ဇီး"

"မလိုဘူး မမောင်းနဲ့ တမင်ရိုက်လာတာ"

"Jimin မင်းခေါင်းမမာနဲ့စမ်း"

~တောက်ခ်~

ကားပေါ်က ဆင်းသွားသည့် Jimin ကို ဘယ်သူကမှ တားမရသည့်အဆုံး သူတို့ချည်းသာ ဆေးရုံထဲသို့လာခဲ့ရသည်။

ဆေးကောင်တာမှာ စုံစမ်းပြီး လူနာကုတင်ကိုရောက်ချိန် ပက်တီးအဖွေးသားဖြင့် လှဲနေသူသည် တခြားသူမဟုတ်ဘဲ Jungkook၏ ဦးလေးသာဖြစ်၏။

ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH Where stories live. Discover now