13🖤

132 22 3
                                    

Zawgyi

"သားJoon အားရဲ့လား ကျောင်းပိတ်ရက် သူငယ်ချင်းတွေနဲ့လည်ချင်ရင်လည် မေမေကအဆင်ပြေတယ်"

"ရပါတယ်ဆိုဗျာ သားပဲလိုက်ပို့မယ်"

ကျောင်းပိတ်ရက် အိမ်ပြန်လာချိန် မေမေက အိမ်အတွက်လိုအပ်တာသွားဝယ်မည်ဆိုသောကြောင့် Joon လိုက်ပို့ရန်ပြင်ရသည်။

ကားကိုပါကင်ထိုးပြီးနောက် မေမေက Joonလက်ကိုချိတ်၍ super marketအတွင်းသို့ဝင်လာခဲ့သည်။

"မေမေတို့ အတူအပြင်မထွက်တာတောင် ကြာပြီနော်"

"နောက်ကျအပြင်ကို သား များများခေါ်သွားပါ့မယ် မေမေရဲ့"

"တော်ပါ မအေကိုလာချွဲမနေနဲ့ နောက်ကျ သားသူငယ်ချင်းတွေကို အိမ်ခေါ်လာအုံး မေမေ ထမင်းချက်ကျွေးမလို့"

"သားတို့အားတဲ့နေ့ကြ အိမ်ကိုခေါ်လာခဲ့လိုက်မယ်"

မေမေက ဟင်းချက်စရာအသီးအနှံတွေ အသားတွေရွေးဝယ်နေချိန် Joon လိုချင်တဲ့ စာအုပ်တချို့ကို ရှာဖို့ စာအုပ်တွေထားတဲ့နေရာကိုထွက်လာခဲ့သည်။

ကျောင်းအတွက် လိုအပ်သည့် စာအုပ်တွေရော ဖတ်ချင်တဲ့ ဝတ္ထုတွေပါ ဝယ်ယူပြီးနောက် စာအုပ်အသစ်တွေကြား တမူထူးခြားပြီး ဟောင်းနွမ်းနေသည့် စာအုပ်တစ်အုပ်ထံ အကြည့်ရောက်သွား၏ ။

//ရှီလာ၏ဘုရင်ငယ်//
ဟူသော ခေါင်းစဉ်သည် Joon၏ အာရုံအလုံးစုံအားဖမ်းစားသွားသည်။

"သားJoon လိုချင်တာတွေ့ပြီလား"

မေမေ့၏ အသံကြားမှ သတိဝင်လာပြီး

"ဗျ...ဗျာ ဟုတ် သား......"

စာအုပ်စင်ကိုပြန်ကြည့်တော့ အစအနပင်မတွေ့ရတော့သော စာအုပ်ကြောင့် Joon ကြောင်အ သွားသည်။

အမြင်မမှားကြောင်းသိသည်။ ဘယ်အရာမဆို အသေးစိတ်ကျမှသဘောကျသည့် Joon က သဘောကျမိတဲ့ အရာအပေါ်ဆို ပိုလို့တောင် အာရုံစူးစိုက်မှုပြင်းလှသောကြောင့်
အမြင်မှားခြင်းဟာ လုံးဝမဖြစ်နိုင်။

"ဘာမှမဟုတ်တော့ဘူးမေမေ သွားမယ်လေ"

မေမေ့ရှေ့မူမပျက်ချင်တာကြောင့် ဤနေရာကထွက်လာလိုက်သည်။ စာအုပ်တန်းမှာ Joon တစ်ယောက်တည်းသာ ထူးထူးဆန်းဆန်းရှိနေသောကြောင့် စာအုပ်သည် ပြုတ်ကျသွားခြင်းမဟုတ်သလို သူများယူသွားတာမျိုးလည်းမဟုတ်။ အစအနပင်မတွေ့တော့သော စာအုပ်နွမ်းနွမ်းလေးကတော့ ပဟေဋိပေါင်းများစွာဖြင့်။

ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH Where stories live. Discover now