Zawgyiစားသောက်ဆိုင်၏ VIP အခန်းအတွင်း Kimတို့ အုပ်စုအပြင် ဖီဟန်းပါရှိနေ၏။
အငွေ့တထောင်းထောင်းထနေသည့် ဟင်းခွက်တွေကြားထဲ ရယ်သံ တစွန်းတစထွက်ပေါ်နေပြီး ဤထဲ မျက်နှာမပျက်အောင်သာ ထိန်းနေရသည့် Joon၏ ရယ်သံတော့ မပါဝင်ခဲ့ချေ။
"ကိုကိုကလည်း အလုပ်မအားတဲ့ကြားထဲ အလုပ်ရှုပ်ခံပြီး လိုက်ကျွေးရတယ်လို့။ ငယ်တို့ဘာသာ သွားစားလို့ရတာပဲဟာ"
"ကိုယ် ဒီရောက်ထဲက ငယ်လေး သူငယ်ချင်းတွေနဲ့လည်း သေချာမဆုံဖြစ်ဘူးလေ အခုအလုပ်အားချိန်ရတော့ တစ်ခါတည်း ဝယ်ကျွေးလိုက်ချင်လို့"
"တွေ့လား SeokJin ဒကာခံမယ့်သူကတောင် ရက်ရောနေတာကို မင်းကိုက ကပ်စေးနဲနေ"
ပက်ခနဲ ပြန်ပြောသည့် Kooကို SeokJin အသံတိတ်သာ လက်သီးထောင်ပြလိုက်သည်။
"အခုလို ကျွေးမွေးရတဲ့ အကျိုးကြောင့် အကိုဖီဟန်း ချစ်ရတဲ့သူ အမြန်ဆုံးပေါင်းဖက်ရပါစေရှင့်"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ ကိုယ်လည်း ချစ်ရတဲ့သူကို ပိုင်ဆိုင်ချင်လှပြီ"
ပြောရင်းပင် တစ်ရှူးဖြင့် ငယ်လေး နှုတ်ခမ်းထက် ပေနေသည့် အရာများအား တယုတယသုတ်ပေး၏။
"ကလေးလားကွာ ခုထိ မုန့်စားရင် ပေပွနေတာပဲ ညစ်ပတ်အိုးလေး"
"ကိုကိုနော် ငယ် ကလေးမဟုတ်တော့ဘူး"
"သိသား.... အဲ့တာကြောင့်လည်း ကိုယ်က ပိုင်ဆိုင်ဖို့ ကြိုးစားတော့မှာလေ"
Kim SeokJin၏ ဘက်ကိုလှည့်ကာ ကြည်နူးရိပ်သန်းနေသော အကြည့်တို့ဖြင့် ကြည့်ကာပြောနေသည့် ဖီဟန်းကြောင့် ဆုပေးမိသည့် ဇီလန်ပင် Joonအား အထိတ်တလန့်ကြည့်လိုက်မိသည်။
သူတို့ကြားက ဘယ်လို သံယောစဉ်သည် ဘယ်လို အရောင်တွေစွန်းနေမှန်း သူတို့သည်သာလျင် အသိကြဆုံးပင်။
Joonသည် သူ့မျက်နှာရိပ်ကိုသာ ကြည့်နေသည့် ဇီလန်ကြောင့် မသိမသာ ခေါင်းခါပြရင်း စိတ်ကိုလည်း လျော့ချထားသည်။
ကိုကို့၏ ရုတ်တရက်ဆန်သာ စကားနှင့်အပြုအမူကြောင့် ဘာရယ်မဟုတ် Joonအား တချက်ကြည့်လိုက်မိပြီး တိုက်ဆိုင်စွာ Joonနှင့် အကြည့်ချင်းဆုံသွားသောအခိုက်အတန့်မှာ နေရခက်သည့် အိုးတိုးအန်းတန်း ခံစားချက်များကို လှိုက်နေအောင် ခံစားလိုက်ရ၏။
YOU ARE READING
ဒဏ္ဍာရီတစ်ဆစ်ချိုး || MYTH
Fanfictionမည်သူ့အချစ်သည် ပိုကြီးမြတ်ခဲ့ပါသနည်း။ ~NamJin~