အပိုင်း 9

3.3K 133 18
                                    

အပိုင်း ၉

"ဒီနေ့ Dr.ရှိန်းသီဟမောင်ကြီး အရမ်းတက်ကြွနေပါလား"

ရှိန်းရဲ့မေမေ ရှိန်းကိုရယ်ကာ စလိုက်သည်။

"ဟီး ကလေးဆီသွားမို့လေ မေမေ"

"ဒါနဲ့ သား  အန်တီမေက စောနာကဖုန်းဆက်တယ် သားဇော်လေးက စောင့်နေတယ်တဲ့ မလာသေးဘူးလားတဲ့"

"ဟုတ် သားသွားတော့မာမေမေ "

ရှိန်း သူ့ညီဝမ်းကွဲကို ဝင်ခေါ်ပြီးနောက် ကလေးရှိရာ မတ္တရာမြို့လေးသို့  ဦးတည်ကာမောင်းနှင်လာလေသည်။

ကျုံးမြို့ရိုးတစ်လျောက်ကိုဖြတ်၊မန္တလေးတောင်ခြေရင်းမှ မြောက်အရပ်သို့ ဦးတည်မောင်နှင်လာလေသည်။ ကလေးငယ်အကြိုက် မုန့်အစုံဝယ်သွားဖို့လည်းသူမမေ့။သူ့ညီမလေးအတွက်လည်း သူမဝယ်လို့မရ၊မဝယ်ပါက ကောက်ပေလိမ့်မည်။
စွမ်းထက်နိုင်လေးအတွက်လည်း မုန့်များဝယ်ခဲ့သေးသည်။
ဇော်လည်း သူ့တီချယ်အတွက် တစ်ခါတည်းမုန့်ဝယ်လေသည်။

တရွေ့ရွေ့မောင်းနှင်လာသော ကားလေးသည် တောင်ပြုံးလမ်းခွဲနားရောက်သော် ခေတ္တခဏရပ်လိုက်၏။ ကလေးငယ်ရဲ့ မိဘများနှင့် နှင်းရဲ့မိဘများအတွက် မာလကာသီး ၊ကျွဲကောသီး၊သလဲသီးများဆင်းဝယ်နေသည်။

"ကိုလေး သားစားဖို့ရော ကျွဲကောသီး ဝယ်ခဲ့ဦး"
ဇော် ကားပေါ်မှ လှမ်းအော်လိုက်လေသည်။
"အေးအေး ဝယ်ခဲ့မယ်"
.
.

မတ္တရာသို့ရောက်သော် အရင်ဦးဆုံး နှင်းရဲ့အိမ်ကို သွားလိုက်သည်။သူ့ကလေးငယ် နှင်းအိမ်မာ စာသင်နေမည်အထင်နှင့် ပထမဦးဆုံးဝင်လိုက်၏။

"မေမေ သား ဒီအကျီလေးနဲ့လိုက်လား"

"နိုင်းနိုင်း သားလေး မနက်ကတည်းက အဝတ်လဲနေတာ ခုထိမပြီးသေးဘူးလား"

"မေမေ သားမေးတာဖြေလေ သား ဒီဟာလေးနဲ့ချစ်စရာကောင်းလားလို့ ဟင့်"

"နိုင်းနိုင်း မေမေ့သားလေးက ကမ္ဘာပေါ်မာ အချောဆုံး"

"ဟီး ဒါလေးပဲဝတ်လိုက်တော့မယ်နော်"

"ဝတ်လိုက်ပါတော့သားလေးရယ် မေမေလည်းမောနေပီ သားကိုဖြေရတာ"

ခိုနားရာ❤ (Completed) Where stories live. Discover now