အပိုင်း 38

1.9K 80 13
                                    

အပိုင်း 38

"ကို...."

"omm "

သူဇာ ကို့မျက်နှာကိုကြည့်လိုက်သည်။ ဒေါသကြောင့်ခက်ထန်နေလေသည်။

"ကို...သူဇာရှင်းပြမယ်နော်..ရူပါလေးကို သူဇာခေါ်မသွားရင် ကလေးက ဘယ်ကိုလျောက်သွားနေမလဲမသိဘူးလေ... သူဇာက စိတ်ပူလို့ဒီလိုဆုံးဖြတ်ပြီး လုပ်လိုက်မိတာပါကို"

"ကိုယ်မေးတုန်းက ဘာလို့အမှန်တိုင်းမပြောတာလဲသူဇာ...ကိုယ်တို့ဘယ်လောက်စိတ်ပူနေမလဲဆိုတာ သူဇာမတွေးဘူးလားကွာ...ကိုယ့်ကိုရောဘာလို့လိမ်ရတာလဲ ကိုယ့်ဘဝမှာလိမ်ညာတာအမုန်းဆုံးဆိုတာ မင်းသိရဲ့နဲ့ကွာ"

သူဇာနွယ်ခေါင်းကိုအောက်သို့ငုံ့မိသည်။ ချစ်ရသူ ဇော့်ရဲ့ပါးစပ်မှထွက်လာသော စကားလုံးတစ်လုံးချင်းစီတိုင်းကို သူဇာအလေးအနက်နားထောင်နေသည်။ ရှပ်အကျ်ီအ​ဖြူရောင်ကို တံတောင်ဆစ်နားထိခေါက်တင်ထားသဖြင့် ဇော့်ရဲ့လက်မှ အကြောစိမ်းစိမ်းတို့က အထင်းသား။ ​ဇော်မျက်မှန်ကိုချွတ်ကာ လက်ကဆံပင်ကိုထိုးဖွနေသည်။

"သူဇာတောင်းပန်ပါတယ်..."

ဇော် သူ့ရှေ့ကချစ်ရသူ ငိုနေမှန်းသိပါသည်။ သူ့ကောင်မလေး ဝမ်းနည်းတော့ သူစိတ်မကောင်း။

"ကဲ တော်တော့သူဇာ...သူဇာလည်း ဘယ်လိုမှမသက်သာလို့ကိုယ့်ကိုလိမ်လိုက်ရတာမလား....ကိုယ်တို့ ရူပါကိုသွားခေါ်ရအောင်"

"ကို...အဲ့တာကဖြစ်ပမလား..ရူပါသိရင် တခြားနေရာကိုထွက်သွားလိမ့်မယ်"

"ဘာမှမဖြစ်ဘူး မသိအောင်သွားမယ်...ကိုလည်း ကိုယ့်ယောက္ခထီးကြီးနဲ့မတော်ရသေးတဲ့ ယောက်ဖလေးကိုတွေ့ရမယ်"

"ကိုနော်"
.................

"မျက်လုံးကိုဖြေး​ဖြေးလေးဖွင့်မယ်....ဟုတ်ပြီ...သားလေး ဖြေးဖြေးလေးဖွင့်မယ်နော်"

"...."

"သားဘယ်လိုလဲ မြင်ရလား"

"ဟုတ် သားမြင်ရပြီ...အီးဟီး...သားပျော်လိုက်တာ"

"ကျမတို့သားလေးကိုကူညီပေးတာ ကျေးဇူးပါဆရာတို့ရယ်"

အောင်ပြည့်ဖြိုးလေးအား မျက်စိမြင်ရအောင်လုပ်ပေးနိုင်ခဲ့လေပြီ။ ရှိန်း သူ့ဘေးက ကလေးငယ်အားကြည့်လိုက်သည်။ ကလေးငယ်မျက်နှာမှာ ပြုံးလို့နေသည်။

ခိုနားရာ❤ (Completed) Where stories live. Discover now