အပိုင်း 31

1.7K 79 11
                                    

အပိုင်း 31

"အော် သားရှိန်း လာလေ.... ဆရာလေးနိုင်းနိုင်းက လက်တွေ့သင်ခန်းစာတစ်ခုအတွက် ကလေးတွေနဲ့ အပြင်ထွက်သွားတယ်သားလေး....အဝေးကြီးမဟုတ်ဘူးနော် ဒီနားလေးတင်ရယ်"

"ဟုတ်ကဲ့ ရပါတယ်ဗျ ကျနော်​စောင့်လိုက်ပါ့မယ်."

တစ်ဖက်တွင်မူ...

"ဆရာလေး  ဆရာလေး ...ကယ်ကြပါဦး ဆရာလေး ရော ပေါ်မလာသေးဘူး... အီးဟီး"

ကလေးများအော်သံကြောင့် ချောင်းနားတဝိုက်က နွားများကျွဲများကျောင်းနေသော လူတချို့ရောက်လာပြီး ချက်ချင်းရေထဲဆင်းကယ်လိုက်သည်။
ကောင်းစည်သူမှာသတိပြန်ရလာသော်လည်း နိုင်းနိုင်းဝေကမရသေး။

"ဆရာလေး... ဆရာလေး...ထပါဦးဆရာလေး....အီးဟီး"

ကလေးများအော်ငိုနေကြသည်။

နွားကျောင်းသားလေးတစ်ယောက်က ကျောင်းအုပ်ကြီးကို အတင်းပြေးခေါ်လိုက်သည်။ကျန်သော လူများက နိုင်းနိုင်းဝေသတိရဖို့အရေး ကြိုးစားနေကြသည်။ နိုင်းနိုင်း၏ရင်ဘတ်အား လက်နှင့်အကြိမ်ကြိမ်ဖိကာ အဆုတ်ထဲကရေများအား အပြင်ထွက်ရန် လုပ်နေကြသည်။

"အဟွတ်.. အဟွတ်.."

"ဟာ ဆရာလေးသတိရလာပြီ...အီးဟီး"

ကလေးများလည်း ငိုမိကြသည်။

နိုင်းနိုင်းဝေ သတိရရချင်း ကောင်းစည်သူအား လိုက်ရှာမိသည်။

"ကောင်းစည်သူ....ရလားသား...ဆရာလေးတောင်းပန်ပါတယ် ဆရာလေးပေါ့ဆမိလို့အခုလိုဖြစ်ကုန်တာ..."

"ဟုတ် ဆရာလေး သားလည်းတောင်းပန်ပါတယ်ဗျ..ရေထဲမဆင်းနဲ့ကြိုပြောထားတာကို ဆင်းမိလို့"

နိုင်းနိုင်းဝေ ကောင်းစည်သူအား ရင်ခွင်ထဲသို့အတင်းဖက်လိုက်သည်။

ထိုစဥ် ကျောင်းအုပ်ကြီးအပါအဝင် ရွာထဲမှ လူကြီးတချို့ရောက်လာကြသည်။ ကျောင်းအုပ်ကြီးဘေးက တစ်စုံတစ်ယောက်ကိုမြင်သော် နိုင်းနိုင်းတို့ငိုချမိသည်။ ဝမ်းနည်းစိတ်ကြောင့်လား၊ အားငယ်စိတ်ကြောင့်လား၊ကြောက်စိတ်တို့ကြောင့်လားမသိတော့ပေ။

ခိုနားရာ❤ (Completed) Where stories live. Discover now