အပိုင်း 19

2.1K 98 36
                                    

အပိုင်း ၁၉

နိုင်းနိုင်း သူ့အားရှိန်းမှ ဒီအပတ်ပိတ်ရက် အ​ဆောင်တွင်မနေဘဲ အိမ်ပြန်လာရန်ပြောသည့်အတွက်ကြောင့် သောကြာနေ့ညနေပိုင်းတွင် အထုပ်အပိုးများထုပ်ကာစောင့်နေလေသည်။

တခြားမြို့နယ်များမှ ကျောင်းလာတက်သော သူငယ်ချင်းများလည်း သူတို့အိမ်အားပြန်ရန်အထုပ်အပိုးများထုပ်ကာ ကျောင်းရှေ့တွင်အိမ်မှလာအကြိုစောင့်နေကြသည်။

နိုင်းနိုင်းကျောင်းတက်လာသောအချိန်အတောအတွင်းတွင် ပုဂံညောင်ဦး၊မြင်းခြံ၊နွားထိုးကြီး၊ကျောက်ပန်းတောင်း၊မိုးကုတ်၊ကျောက်ဆည်၊မြစ်ကြီးနား၊မြစ်သား၊ရွှေဘိုအစရှိသောနယ်ပေါင်းစုံမှသူငယ်ချင်းများနှင့်ခင်မင်ခဲ့သည်။

"နိုင်းနိုင်း ညီလေးရေ ကိုကြီးအိမ်ပြန်မာ ဘာဝယ်ခဲ့ရမလဲ"

ကျောက်ပန်းတောင်းမှ ကိုဖြိုးဝေအောင်ဆိုသည့်အကိုကြီးက နိုင်းနိုင်းအားမေးလိုက်သည်။

သူသည်နိုင်းနိုင်းအားညီလေးအရင်းလိုခင်မင်ပြီးစောင့်ရှောက်သောသူဖြစ်သည်။

"ကိုကြီးရေ အာလူးကြော်ဝယ်ခဲ့ ပေး ဟီး"

"အေးအေး ဒါနဲ့ညီလေးအိမ်ကမလာသေးဘူးလား ကိုကြီးနဲ့တူတူကျောင်းပေါက်ဝကသွားစောင့်ရအောင်"

နိုင်းနိုင်း ကိုဖြိုးဝေအောင်နှင့်အတူ ကျောင်းပေါက်ဝတွင်သွားစောင့်ချင်သော်လည်း သူ့ကိိုကိုမှားထားသည်ကို နားထဲပြန်ကြားယောင်နေသည်။

"နိုင်းနိုင်း ကိုကိုကျောင်းရှေ့ရောက်မှဖုန်းဆက်မယ်
အဲ့ကြမှအောက်ဆင်းခဲ့ ဆင်းပြီးစောင့်နေတာမလိုချင်ဘူး"ဟူသည့် ရှိန်းစကားများ နိုင်းနိုင်းနားထဲတွင်ကြားယောင်နေမိသည်။

နိုင်းနိုင်း ကိုကို့ကိုချစ်သောကြောင့်ကိုကို့စကားနားထောင်ရမည်ဟုဆုံးဖြတ်ကာ

"အာရတယ် ကိုကြီး ညီလေးရဲ့ကိုကိုဖုန်းဆက်မှဆင်းလိုက်မယ်"ဟူ၍ပြောလိုက်သည်။

"အာ ညီလေးကလည်း အခန်းထဲမှာလည်းဘယ်သူမှမရှိတော့ဘူးလေ အကုန်အိမ်ပြန်ကြဖို့အောက်ကဆင်းစောင့်နေကြတာကို လာပါ ကိုကြီးနဲ့အတူတူအောင်ကဆင်းစောင့်ရအောင်"

ခိုနားရာ❤ (Completed) Where stories live. Discover now