အပိုင်း ၂၁
အိမ်သို့ရောက်သော် ရှိန်း ကလေးငယ်အား ကားပေါ်မှ ပွေ့ချီကာ အိမ်ထဲသို့ ခေါ်သွားလေသည်။
နိုင်းနိုင်းအားသယ်လာသော ရှိန်းအားမြင်သော်ရှိန်းဖေဖေနှင့်မေမေ ရှိန်းတို့အနားသို့ ပြေးလာလေသည်။
"သား နိုင်းနိုင်းလေး ဘာဖြစ်တာလဲ ၊အယ်ကျောက်ပတ်တီးစီးထားတာပဲ"
"ဖေဖေနဲ့မေမေရေ ဒီကလေး ဘောလုံးကန်ပြီး အရိုးအက်သွားတာ "
"အယ် သားလေးနိုင်းနိုင်းနာနေမာပေါ့ ၊မေမေတို့သားလေး အုံဖွအုံဖွ"
ရှိန်း သူ့မိဘများကို ချစ်လည်းချစ်သလို ကျေးဇူးလည်းတင်၏။
သူ့အနာဂတ်ယောကျ်ားလောင်းလေး နိုင်းနိုင်းအား ကြည်ဖြူကြသည်။သူတို့သားအရင်းလိုမျိုး ချစ်ပေးကြ၏။
"သား ကလေးကို အပေါ်ခေါ်သွားလိုက်တော့မယ်"
"အေးအေးသားလေး ကလေးကိုဂရုစိုက်နော်"
အခန်းထဲသို့ရောက်သော်...
"ကိုကိုရေ သားဗိုက်ဆာတယ်"
"ommကလေး ကိုကို ထမင်းသွားခူးခဲ့မယ်"
"ဟင့်..."
ရှိန်း သူ့ရှေ့မှ ကလေးငယ်မျက်နှာလေးအားကြည့်ကာ စိတ်မကောင်း။
နာကျင်မှုကြောင့် နွမ်းလျနေပုံပေါ်သည်။
သူ့ကလေးငယ်အစား သူသာဖြစ်လိုက်ချင်သည်။
ကလေးငယ်နာကျင်မှုသည် သူ့ရင်ဘတ် ဓားနှင့်ထိုးထားသလိုနာကျင်လှ၏။
"ကလေးလေးရယ် ကိုကိုစိတ်ပူသွားတာပဲကွာ ၊ကလေးလေးသာတစ်ခုခုဖြစ်ရင်ကိုကိုရင်ကျိုးမာသိရဲ့လား"
"ဟင့် ကိုကို သားတောင်းပန်ပါတယ် သားရဲ့ကိိုကိုကို သားစိတ်မကောင်းဖြစ်စေမိပြီ"
"ကလေး ဘာမှတွေးနဲ့ ကိုကို ကလေးစားဖို့ သွားလုပ်လိုက်ဦးမယ်"
"ဟင့်..."
"ကလေး နာလို့လား ကိုကို့ကိုပြော ၊နေပါဦး ကလေးမှာအဖျားရှိလားမရှိလားစမ်းသပ်ရအောင်၊ကိုကို့ကလေးလေး မျက်နှာလေးညှိုးနေတယ်"
![](https://img.wattpad.com/cover/330776909-288-k547093.jpg)
YOU ARE READING
ခိုနားရာ❤ (Completed)
Romancepunishments လေးတွေပါမာမို့ မကြိုက်ရင်ဆက်မဖတ်ပါနဲ့ခ #Both Uni&Zawgyi #Myanmar BL& GL #ဖတ်ကြည့်ပါ တစ်ခုခုတော့ ကျန်မာပါ #ဟဲဟဲ