Extra❤❤

2.6K 72 20
                                    

Extra❤❤

Decemberပိတ်ရက်ဖြစ်လို့ ရူပါရောနှင်းရော ပြင်ဦးလွင်က အိမ်လေးမှာ လာနေဖြစ်ကြသည်။

"မာမီရေ မာမီရေလို့ Babeလေးညောင်းနေပြီ...လက်မြှောက်ထားရတာကြာပြီလို့"

နှင်းရူပါဦး အခန်းထဲတွင် လက်မြှောက်ကာနေနေရသည်။ အကြောင်းမှာ Mobile Legend ကစားရာကနေဖြစ်သည်။ နိုင်းနိုင်းဝေချွန်တွန်းကောင်ကြောင့်လည်းပါသည်။

နှင်းမျက်နှာက အလိုမကျမှုများစွာနှင့် ရူပါလေးကိုကြည့်နေသည်။

"Babe....babeက အခုဆရာမဖြစ်နေပြီနော် ကလေးတွေနဲ့ဂိမ်းအတူတူဆော့စရာလား...ကလေးတွေနဲ့မပေါင်းရဘူးလို့မပြောဘူး တော်ရုံပဲပေါင်း ရောလွန်းရင်ခေါင်းပေါ်တောင်တက်နင်းချင်ကြတယ်တချို့က"

"မာမီ....ရူပါရဲ့ ကလေးလေးတွေအဲ့လိုကလေးမျိုးတွေမဟုတ်ပါဘူး"

"ဘာ မဟုတ်တာလဲ!...နှင်းရူပါဦး က မာမီကိုလာလိမ်နေတာလား"

ရူပါ ငိုချင်နေပါပြီ။ သူ့မမရဲ့မျက်နှာဟာ ရွာတော့မည့်မိုးလို အရိပ်အယောင်အတိနှင့်။

"ပြောစမ်း...အဲ့ကလေးတွေ babeကိုပြောတာတွေအကုန်ပြော"

"မာမီ"

ရူပါ ရှိသမျှ အစွမ်းနဲ့ချွဲဖို့ကြိုးစားနေမိသည်။

"ချွဲလည်းအသုံးမဝင်ဘူး....မာမီတို့ကDS ဆက်ဆံရေးဆိုတာရောမေ့နေပြီလား...babeမှာ ဘာလေးစားမှုမှကိုမတွေ့ရတော့ဘူး.... ကိုယ့်babeလေးက မရိုက်တာကြာလို့ဆိုးနေပြီထင်တယ်....မာမီကတော့ လိမ်မာလာပြီတွေးနေတာ"

"မာမီ....နိုင်းနိုင်းက ဘာတွေချွန်လိုက်လို့လဲ"

"နှင်းရူပါဦး!!!"

"ဟင့်"

"အိုကေ မေးနေတာကိုမဖြေဘူး.....အခုက ရာသီဥတုကအရမ်းအေးနေလို့ အခန်းထဲမှာလက်မြှောက်ခိုင်းထားတာ...မဟုတ်ရင် နှင်းဆီခြံထဲမှာဒူးထောက်ခိုင်းတယ်...ဘယ့်နှယ့် အဲ့ဆရာမက အလကားပါကွာ ဆေးကောင် ဂိမ်းဆော့ရင်သူနဲ့မဆော့နဲ့ ပေါတောတောနဲ့ကျပ်လည်းမပြည့်ဘူးတဲ့....အဲ့စကားတွေက မင်းရဲ့ကလေးတွေကမင်းကိုသုံးသင့်တဲ့စကားတွေလား...ပြောလေ"

You've reached the end of published parts.

⏰ Last updated: Jul 30, 2023 ⏰

Add this story to your Library to get notified about new parts!

ခိုနားရာ❤ (Completed) Where stories live. Discover now