အပိုင်း 37

1.8K 94 16
                                    

အပိုင်း 37

"ညီမလေးထတော့....ရူပါ...ညီမလေးထတော့"
"ဟင်မမ...ရောက်ပြီလား...."

အိပ်ချင်မူးတူးမျက်နှာနှင့် နှင်းရူပါဦး နိုးလာလေသည်။
.
"ဒါနဲ့ မမမောင်လေးလာမကြိုသေးဘူးလား...."

"ခဏနေလာမှာညီမလေး...အဖေနဲ့မောင်လေးနှစ်စီးလာမာ"

"ဟုတ်မမ... ကိုကိုဇော်ဖုန်းဆက်မေးရင် မသိဘူးလို့ပြောပေးပါဦးနော်..."

သူဇာနွယ် အမှန်တိုင်းပြောရရင် ဇော့်ကိုကြောက်ရသည်။ ဇော်နဲ့တွဲလာတဲ့သက်တမ်းတလျောက် ဇော်အမုန်းဆုံးအရာကလိမ်ညာခြင်းဆိုတာသူသိသည်။
ယခုကိစ္စဇော်မေးလာပါက ဘယ်လိုဖြေရမလဲပင်သူမသိတော့ပေ။
သူလိမ်ညာထားပါက လူမိုက်အားပေးလုပ်တယ်ဆိုပြီးဆူနေမလား။
ဘာပဲဖြစ်ဖြစ် သူကူညီရမည်။သူမကူညီပါက ရူပါဘယ်နေရာလျောက်သွားမလဲမသိ။ အဲဒီအခါမှသာ ပိုစိတ်ပူရမည်မဟုတ်လား။

"မမ...မမ..ဘာတွေတွေးနေတာလဲဟင်"

ရူပါ သူဇာရဲ့ပခုံးလေးအားကိုင်ကာမေးလိုက်သည်။

"ဟင့်အင်း ညီမလေး...ဒါနဲ့ အိပ်ရေးရောဝရဲ့လား..."

"ဟီးဟုတ်မမ"
.

ခဏအကြာတွင် သူဇာအဖေနဲ့မောင်လေးဆိုင်ကယ်နဲ့လာကြိုလေသည်။

"ဖေဖေ ဒါသမီးဖုန်းဆက်တုန်းကပြောတဲ့ ညီမလေး..."

သူဇာနွယ် သူ့အဖေကို အမှန်တိုင်းပြောပြထားသည်။သူဇာနွယ် 8တန်းကတည်းက မေမေဆုံးသွားသဖြင့် ဖေဖေက သူနဲ့သူ့မောင်လေးကိုအဖေလိုရောအမေလိုရောစောင့်ရှောက်ပေးသည်။
သမီးရည်းစားကိစ္စမှစ အတွင်းရေးကိစ္စများအထိ သူဇာနွယ် ဖေဖေ့ကို အကုန်ပြောပြသည်။

"လာသမီးလေးရူပါ လေးလေးနောက်ကတက်...သူဇာ ငါ့သမီးလေးက မောင်လေးနောက်ကတက်လိုက်"

"....."

ရူပါ ပုဂံညောင်ဦးမြို့လေးကို   အင်မတန်ချစ်ပါသည်။ ဘယ်ဘဝက ရေစက်တွေကြောင့်လည်းမသိ ပုဂံရောက်လျှင် သူ့စိတ်တွေက အလိုလိုဝမ်းနည်းလာသည်။ သူ့မမနဲ့အတူ ပုဂံကိုလည်ပတ်ခဲ့တာတွေလည်း သတိရမိပြန်သည်။
ဆိုင်ကယ်နောက်တွင်  ငြိမ်သက်နေသောသူမအား မမသူဇာအဖေက စကားပြောလာလေသည်။

ခိုနားရာ❤ (Completed) Where stories live. Discover now