အပိုင်း 17

2.3K 104 23
                                    

အပိုင်း 17

နှင်းရူပါဦးတစ်ယောက် ဟိုဘက်လှည့် ဒီဘက်လှည့်နှင့် အိပ်မရ။ထို့ကြောင့် ဖုန်းအားဖွင့်ကာ fbကြည့်လိုက်သည်။

သူ့မမ၏wallထဲဝင်ကြည့်မိလိုက်သည်။
မမသည် ဖုန်းသိပ်မသုံးသောအမျိုးသမီးဖြစ်သည်။ Facebook၊ Messenger လည်း သိပ်မသုံးပေ။ လိုအပ်သည့်စာများရှိမှသာ လိုင်းဖွင့်ကာရှာတတ်သောသူဖြစ်သည်။

မမသည် သူ၏profileအား နှင်းဆီပန်းပုံလေးချိန်းထားသည်။ ရူပါ ထိုပုံလေးအားလက်နှင့်ဖိကြည့်လိုက်သည်။ မမချိန်းထားသောနှင်းဆီပန်းပုံအောက်တွင် အသဲreactများပေးထားသောသူများစွာရှိသည်။ Commentမန့်ထားသူများလည်းရှိသည်။ရူပါမန့်များအားဖတ်နေသည်။
"မနှင်းဆီရေ....... "ဆိုသည့် commentအားတွေ့သော် ရူပါစိတ်တိုမိသည်။

မမအောက်မန့်ထားသောဘဲကြီးမှာ ရန်ကုန်ဆေးတက္ကသိုလ်မှ ဆရာဝန်လောင်း မြင့်မြတ်ဖုန်းခန့်ဆိုသည့်လူပင်။

ရူပါအတွေးလွန်မိသည်။ မမနှင့်ထိုလူမည်သို့ friဖြစ်နေသနည်း။ရူပါအတွေးများအား ထိန်းချုပ်မရနိုင်သည့်အဆုံး မမဆီကိုဖုန်းဆက်လိုက်သည်။

"hello မမလား babeမေးစရာရှိလို့ မမအကောင့်ထဲက မြင့်မြတ်ဖုန်းခန့်ဆိုတဲ့လူနဲ့ဘယ်လိုfriဖြစ်နေတာလဲမမ"

"အာ ဖုန်းခန့်လား အဲ့တာက မမတပည့်လေးလေ"

"awwပီးရောပီးရော babeက ဘယ်ကကောင်တွေလဲလို့"

"omm babe "

"မမ babeလွမ်းလို့အိပ်မရဘူး "

"မမရောပဲ"

"11ထိုးတော့မာမမ အိပ်တော့ တော်ကြာ babeအပိုင် မမရဲ့မျက်လုံးလေးတွေ ညိုနေမယ်"

"Babeလေးရောအိပ်တော့ Good night မမဖုန်းချပီ"

"ဟုတ်မမ အာဘွားနော် ဘိုင် ဘိုင်"

"အာဘွားအာဘွား မမရဲ့ကလေးလေး"

ရူပါ သူ့မမနှင့်ဖုန်းပြောပြီး ကြည်နူးရပါသည်။ ရူပါဘဝအတွက် မမက မရှိမဖြစ်လိုအပ်သော အားဆေးလေးပင်။
..........................
"ဇော်ရေ သားလေး BEdပေါင်းကူးပါတယ်ဆိုဟုတ်လား သားလေးကတော်လိုက်တာ"

ခိုနားရာ❤ (Completed) Where stories live. Discover now