အပိုင်း 16

2.5K 108 30
                                    

အပိုင်း 16

နိုင်းနိုင်းဝေ ရှိန်းပြောသည့်အတိုင်း သူ့၏အခန်းအတွင်းသို့ရောက်သော် ဒူးထောက်နေလိုက်သည်။

သူ၏အမှားများကို သူပြန်တွေးနေလိုက်သည်။

ဒေါက် ဒေါက်

"ကိုကို ဝင်လာပြီနော်"

ရှိန်း နိုင်းနိုင်းဝေအားမြင်လိုက်သည်။ ဒူးထောက်ပြီး ခေါင်းကိုအောက်သို့ငုံ့ထားသည်မှာ သူ့အားကြောက်နေသည့်ပုံစံပင်။ လုပ်ချင်တာလုပ်ပြီးရင် ကြောက်ပြတတ်သော ပုံစံကို ရှိန်းလုံးဝသဘောမကျ။ အပြစ်လုပ်ပြီး ချွဲပြသောပုံစံကို ရှိန်းမုန်းသည်။ သူ့ကလေးငယ်အား သူ့အသက်မျှပင်ချစ်သော်လည်း ရှိန်းလုံးဝအလျာ့မပေးတတ်ပေ။

"ခေါင်းမော့ပြီး ကိုယ့်ကိုကြည့်ပါဦး ခေါင်းနဲ့ကြမ်းပြင်ထိတော့မယ် နိုင်းနိုင်းဝေ"

"ဟုတ်ကဲ့ကိုကို"

နိုင်းနိုင်းဝေ ရှိန်းအမိန့်ကြောင့် ရှိန်းအားကြည့်လိုက်လေသည်။ ရှိန်းလက်ထဲတွင် ဘာမှမတွေ့ရ။
သူ့ကိိုကို သူ့အားမရိုက်တော့ဘူးလားဟု သူတွေးမိသည်။ သို့သော် အပြစ်လုပ်မိပါက ကျော်မပေးတတ်သော သူ့ကိုကိုအကြောင်းသူအသိဆုံးပင်။

"နိုင်းနိုင်းဝေ မင်းက ငါ့ရဲ့ဘာလဲ"

"သားက ကိုကို့ရဲ့ ချစ်သူပါ ကိုကို"

"ချစ်သူပဲလား ကိုယ်မင်းကို ညီလေးတစ်ယောက်လိုရော သားတစ်ယောက်လိုရောချစ်တာ"

"အာ ကိုကို သားက ကိုကို့ရဲ့ အသက်ကလေး ၊ညီလေး ၊ကိုကို့ရဲ့သားလေးပါ"

"ကိုကို ဆုံးမတာတွေကြိုက်လား ကိုကို့ အသက်က"

"အာ သားက ကိုကို့ကိုအများကြီးချစ်တာ ကိုကိုသိတယ်မလား သားကိုအမြဲဆုံးမလို့ရပါတယ်ကိိုကို သားကို သားအသက်ကြီးလည်းဆုံးမလို့ရတယ်ကိုကို"

"အေး အခု ကိုကို မင်းကို မှတ်လောက်အောင်ဆုံးမပေးမယ် မခံနိုင်ရန် ကိုကိုသားမခံနိုင်ဘူးလို့ပြောလိုက် ကိုကိုရပ်ပေးမယ် "

"ကိုကိုစိတ်ကျေနပ်တဲ့အထိ ဆုံးမပါ  သားမှာအပြစ်ရှိပါတယ်"

"အိုကေကောင်းပီ မတ်တပ်ရပ်ပြီး ကုတင်ပေါ်တက်မယ် မှောက်ထားမယ်"

ခိုနားရာ❤ (Completed) Where stories live. Discover now