အပိုင်း 28

1.9K 90 96
                                    

အပိုင်း ၂၈

"ကိုကိုရေ သားတို့ အောင်စာရင်းတောင်ထွက်တော့မယ် ဟီး "

"...."

"ကိုကို သားကိုစကားပြန်ပြောဦးလေဗျာ..."

"ခဏလေးနေဦး နိုင်းနိုင်း ကိုကို အလုပ်ကိစ္စလေးရှိလို့ အပြင်ခဏသွားရဦးမယ်..."

နိုင်းနိုင်း ကိုကို့ကို ဒီရက်ပိုင်း စိတ်တိုင်းမကျ။
ဆေးရုံမှပြန်လာလျှင်လည်း အလုပ်ကိစ္စရှိသည်ဟုပြောကာ အပြင်ခဏတိုင်းထွက်ထွက်သွားသည်။
လိုက်လည်းမချောင်းချင်ပေ။ ကိုကိုစိတ်ဆိုးမည်ကို သေလောက်အောင်ကြောက်မိသည်။ မတ္တရာက ဖုန်းဆိုင်တစ်ခုတွင် အလုပ်လျောက်ထားသည့်ကိစ္စမှာလည်း ကိုကိုကမလုပ်ရဘူးဟူသည့်အမိန့်ကြောင့် နိုင်းနိုင်းရှေ့ဆက်မတိုးရဲ။ အရင်တစ်ခါ ကိုကို့ဆီမှ အရိုက်ခံရပြီးနောက်ပိုင်း နိုင်းနိုင်းတို့ ငြိမ်ကုတ်နေပေသည်။ ကိုကို့လက်စကို ကြောက်သည်ထက် ကိုကိုစိတ်ဆိုးစိတ်ကုန်သွားမည်ကို ပို၍ကြောက်သောကြောင့်ပင်ဖြစ်သည်။

ရှိန်း ဆေးရုံအသစ်ဖွင့်ပွဲကိစ္စအား နိုင်းနိုင်းမသိအောင်ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။
သူ့ကလေးငယ်အား Supriseတိုက်ချင်သောကြောင့်ဖြစ်၏။
လိုအပ်သည်များကို သူကိုယ်တိုင် သေချာစီမံပြီး ကလေးငယ် Certificate မယူခင် Surpriseတိုက်ဖို့ပြင်ထားသည်။
ဆေးရုံကိုလည်း နိုင်းနိုင်းနာမည်ဖြင့်သာ ပြင်ဆင်ထားသည်။
အလုပ်ကိစ္စကြောင့် အိမ်ကထွက်အလာ စိတ်ကောက်တော်မူဟန်ရှိသည့် သူ့ကလေးငယ်၏ မျက်နှာအားမြင်ယောင်မိသည်။
ရှိန်း ကားခဏရပ်ကာ ကလေးအကြိုက် ပင်လယ်စာ မာလာရှမ်းကောဝင်ဝယ်လိုက်သည်။ တိမ်လေးအတွက်လည်း ကြက်သားနှင့် ဝယ်လာခဲ့လိုက်သည်။

"ဦးဦးနိုင်း မြန်မြန်ပြေး ဟိုမှာ Enemies တွေလာပြီလေ....ပြေးပြေး...."

တိမ်လေးနှင့် နိုင်းနိုင်းအတွဲညီညီ ဆော့နေခြင်းဖြစ်သည်။

လူကြီးများမသိအောင် တိမ်လေးအား နိုင်းနိုင်းဖုန်းဝယ်ပေးထားသည်မှာကြာလှပြီဖြစ်သည်။
အိမ်မှာ ကိုကိုမရှိတဲ့နေ့တွေမှာ တိမ်လေးနှင့် နိုင်းနိုင်းGameတူတူတွဲဆော့ကြသည်။
ကိုကိုက တိမ်လေးအား ငယ်သေးသောကြောင့် ဖုန်းအားသုံးခွင့်မပြုသေး။

ခိုနားရာ❤ (Completed) Where stories live. Discover now