အပိုင်း 35

2.1K 97 32
                                    

အပိုင်း 35

"ဆရာလေးစွမ်းထက်  သူတို့ကသားကိုလိုက်စနေကြတယ်.... အီးဟီး"

မပီကလာ ပီကလာအသံလေးနဲ့ တိုင်နေသူက အောင်ပြည့်ဖြိုးဆိုသည့်ကလေးလေးပင်ဖြစ်သည်။
အောင်ပြည့်ဖြိုးဆိုသည့်ကလေးလေးမှာ ​မျက်စိတစ်ဖက်မ​မြင်ရသော ကလေးလေးဖြစ်သည်။ စွမ်းထက် လယ်ပြင်ကြီးကျေးရွာမှာ တာဝန်စကျကတည်းက ဒီကလေးလေးကို သတိထားမိသည်။ လယ်ပြင်ကြီးကျေးရွာအနားတွင်အုတ်လုပ်ငန်းလုပ်ကိုင်ကြသောလူများစွာရှိလေသည်။ အုတ်သူကြီး၏ လက်အောက်တွင် လုပ်ကိုင်နေကြသော အုတ်စက်ထဲတွင်နေသောလုပ်သားများ၏သားသမီးများထဲက တစ်ယောက်ဖြစ်သည်။

"သား ဘယ်သူတွေကစတာလဲ... ဘာလို့တအားငိုနေတာလဲ မငိုနဲ့တိတ်တိတ်..."

စွမ်းထက် သူ့တပည့်အကြောင်းသူအသိဆုံးပင်။
အငိုလွန်၍အရင်တစ်ခါတုန်းကဆို သတိပါလစ်သွားဖူးသောကြောင့် သူစိတ်ပူမိသည်။

"ချစ်ဖြိုးအောင်နဲ့ အောင်ဇော်ဖြိုးက သားကို.. အိ...မျက်ကန်းကောင်လို့ပြောတာ....သားကို မျက်လုံးတစ်လုံးပဲရှိတဲ့ကောင်လို့ပြောတာ....အီးဟီး"

"ဟူး...သားမငိုနဲ့​တော့ တိတ်တော့ နော်......ဘာမှအားမငယ်ရဘူးနော် .......အဲ့မျက်လုံးနောက်တစ်ဖက်မြင်ရအောင် ဆရာလေးက ကုပေးမယ်နော်....တိတ်တော့သား မငိုနဲ့တော့ ....သားကိုပြောတဲ့သူငယ်ချင်းတွေကိုလည်း ဆရာလေးကဆူလိုက်မယ်နော်"

စွမ်းထက် ရင်ခွင်ထဲသို့ထည့်ကာ ချော့လိုက်သည်။

"ချစ်ဖြိုးအောင်နဲ့ အောင်ဇော်ဖြိုး ဆရာလေး နားနေခန်းကိုခဏလောက်လာခဲ့ဦး"

စွမ်းထက် ကလေးနှစ်ယောက်ကို ဆုံးမချင်သော်ကြောင့် သူ့အခန်းသို့ခေါ်လိုက်သည်။

"သားတို့ ဘာလုပ်ထားလဲ သားတို့သိတယ်နော်..."
"...."

"သားတို့ကိုဆရာလေးအရင်တစ်ခါကတည်းက အသိပေးထားတယ်နော်.....သူများအားနည်းချက်ကို မလှောင်ရဘူး မစရဘူးလို့....အရင်တစ်ခါတုန်းကဆရာလေးပြောထားတယ် နောက်တစ်ခါ သူများအားနည်းချက်လှောင်ရင် ဘာလုပ်မယ်ပြောလဲ"

ခိုနားရာ❤ (Completed) Where stories live. Discover now