အပိုင်း 34

1.8K 81 18
                                    

အပိုင်း 34

"ငါ ဟိုမိန်းမကို ပြန်ပေးဆွဲမယ်...ငါဟိုမိန်းမကို ပြန်ပေးမဆွဲဘူး....ငါဟိုမိန်းမကိုပြန်ပေးဆွဲမယ်...ငါဟိုမိန်းမကိုပြန်ပေးမဆွဲဘူး.............."

နှင်းဆီပန်းပွင့်လေးကို ကိုင်ကာ ပွင့်ချပ်များကို ထိုင်ကာ ခြွေနေပြီး ပါးစပ်မှလည်း ထိုသို့ပြောနေသောသူက နှင်းရူပါဦးပင်။ ပွင့်ချပ်များကိုဆက်ကာ ခြွေနေပြီး နောက်ဆုံးပွင့်ချပ်တစ်ချပ်သာကျန်တော့သည်။

"ငါ ဟိုမိန်းမကို ပြန်ပေးမဆွဲဘူး.....အား ဘာလဲဟာ ပြန်ပေးဆွဲမယ်နဲ့ကုန်ရမာကို...နောက်တစ်ပွင့်ထပ်ခြွေမယ်..."

နှင်းရူပါဦး ဂုတ်ဝဲလောက်ရှိသောဆံပင်လေးကို လက်တွင်ပတ်ထားသော ခေါင်းစီးကွင်းဖြင့် မြှောက်ကာ စီးလိုက်သည်။ထို့နောက် သက်ပြင်းတစ်ချက်ချကာ နောက်ထပ်ပန်းတစ်ပွင့်ကို ကောက်ကိုင်လိုက်သည်။

"ဟာ ဒီလေတွေကလည်းတိုက်လိုက်တာ ပွင့်ချပ်တွေအကုန်လွင့်ကုန်ပြီ.....ဟူး ငါစိတ်ရှည်တယ်နော် ဟွန်းဟွန်း"

ရူပါ ထိုသို့တစ်ယောက်တည်းစကားပြောနေစဥ်  သူထိုင်နေသော ခုံတန်းအနားသို့ ကိုဇော်နဲ့အတူတူ ချောမောလှပသော အမတစ်ယောက်လမ်းလျောက်လာသည်ကိုမြင်သော်..

"ဟာ ကိုကိုဇော် ဘာပြောမလို့လဲပြော...ဒါနဲ့ ဒီအမက Queenအမကြီးမလား"

"အင်း မေးခွန်းတွေအရင်မေးမနေနဲ့... ကိုယ်ရှုပ်ထားတဲ့ အမှိုက်တွေကိုယ်ပြန်ရှင်း..နှင်းဆီပန်းပွင့်ချပ်တွေက ဘာလုပ်ထားတာလဲ...ကိုဇော့်ညီမလေးက တီချယ်နှင်းကို လွမ်းလို့ရူးများရူးသွားတာလား"

"အဲ့ထက်ဆိုးတယ်ကိုကိုဇော်ရေ ...မမကိုလွမ်းရင် ဖုန်းဆက်ပြီး မမအသံကြားလိုက်ရရင် လွမ်းစိတ်က အဆင်ပြေနိုင်သေးတယ်...အခုဟာက ကိုကိုတို့ပြသနာ...ဒါနဲ့ အဲ့လိမ္မော်သီးချိုရည်က မီးအတွက်မလား .."

"အင်း ဟုတ်တယ် ရော့"

ဇော် သူ့ညီမလေးအကြိုက် သေချာလေးဝယ်လာခဲ့ခြင်းဖြစ်သည်။

"သူဇာ လာထိုင် ကိုယ်မင်းကို မိတ်ဆက်ပေးမယ်ဆိုတာ သူလေ....ဒါကိုယ့်ညီမလေး နှင်းရူပါဦးတဲ့"

ခိုနားရာ❤ (Completed) Where stories live. Discover now