အပိုင်း 12

3.1K 119 44
                                    

Unicode

အပိုင်း ၁၂

မိုးများသည်းထန်စွာရွာသွန်းလာသည်။လူမမြင်ရသောနေရာတစ်ခုစီသို့ပြေးသွားကာ မိုးရေထဲတွင် ထိုင်ကာ အော်ဟစ်ငိုကြွေးနေသောသူမှာ နိုင်းနိုင်းဝေဖြစ်သည်။ သူသိပ်နာကျင်နေရသည်။ သူသည်  သူ့ကိုကိုအသံတို့ကိုနားထဲတွင်ပြန်ကြားနေသည်။

"ကိုကိုတာဝန်နဲ့ ရှမ်းပြည်ဘက်ကို 5လလောက်သွားရမယ်ကလေးငယ်"

"အာ ကိုကို.. တကယ်ကြီးလား"

"ကိုကို တကယ်ပြောနေတာ ကလေး"

"ဟင့် မသွားလို့မရဘူးလား သားအများကြီးလွမ်းနေမှာလေ"

"ကိုကိုမသွားလို့မရဘူး ကလေး"

"အင့်.."

နိုင်းနိုင်း ကံကြမ္မာကို သိပ်အံ့သြမိသည်။

ကိုကိုနှင့် ချစ်သူဖြစ်သွားသည်ကို သူဝမ်းသာသော်လည်း ယခုကိိုကို ရှမ်းပြည်ဘက်သွားရမည်ကို သူဝမ်းနည်းပေသည်။
ကိုကို့ကို မခွဲချင်ပေ။
ကိိုကို့ကိုနေ့တိုင်းတွေချင်မိသည်။
ကိုကိုနောက်ကို သူလိုက်ချင်မိသည်။

"ကလေးငယ် နိုင်းနိုင်းဝေ၊ ကလေး ကလေး!"

ရှိန်းမိုးရေထဲတွင် ​ပြေးကာထွက်သွားသောကလေးငယ်အား လိုက်ရှာမိသည်။ ရှိန်းပုံစံသည် ကလေးပျောက်နေသော ဖခင်နှင့်ပင်တူနေလေသည်။
ရှိန်းကလေးငယ်ခံစားရမည်ကို ကြိုတင်တွေးထားသော်လည်း လက်ရှိအဖြစ်အပျက်ကြောင့် သူနာကျင်ရပါသည်။

ရုတ်တရက် လျက်စီးများလက်ကာ ဂျိန်း...
မိုးခြိမ်းလာလေသည်။

"အာ့..အီးဟီး"

ကလေးအသံကိုရှိန်းကြားရပေသည်။ သူ့ကလေးငယ်သည် မိုးခြိမ်းသံအား အင်မတန်ကြောက်သည်။ သူကလေးငယ်အသံကြားရာဆီသို့ ပြေးသွားလိုက်သည်။ဒူးနှစ်ဖက်ကိုထောင်ကာခေါင်းကိုအောင်ငုံ့ပြီး နားကိုပိတ်ထားသည့် ကလေးငယ်သည် ကိုယ်လုံးလုံးလုံးလေးများတုန်ယင်အောင် ငိုနေလေသည်။ရှိန်း ကလေးငယ်ရဲ့ ကိုယ်ခန္ဓာကိုပွေ့ချီကာ အိမ်သို့ပြန်ပို့လိုက်သည်။

အိမ်ရောက်သော် ဖျားမည်ဆိုးသောကြောင့်
အဝတ်စားလဲပေးပြီး ဆေးကြိုတိုက်လိုက်သည်။

ခိုနားရာ❤ (Completed) Where stories live. Discover now