အပိုင်း 32

1.8K 85 8
                                    

အပိုင်း 32

"စွမ်းထက် စားလိုက်ဦး မုန့်တွေ... ငါတိမ်လေးဆီသွားရဦးမယ် လူဆိုးကောင်က ဖောက်နေလို့တဲ့"

စွမ်းထက်နိုင်နဲ့မတွေ့တာကြာလို့ကတစ်ကြောင်း ၊ဖေဖေတို့မေမေတို့နဲ့ရောမတွေ့တာကြာ၍တစ်ကြောင်း မတ္တရာကို နိုင်းနိုင်းလာခဲ့ခြင်းဖြစ်၏။
ထိုအကြောင်းတရားတွေထက်  အရေးကြီးသည့်အရာမှာ သူ့တစ်ဦးတည်းသောတူလေး တိမ်ထွဋ်ခေါင် ကောက်နေသည်ဟူသောအကြောင်းပင်ဖြစ်သည်။

"အေးအေး သေချာချော့ကြည့်ပါဦး ကလေးကို...ငါလည်းပြန်တော့မာ ကလေးတွေအတွက် ပုလွေတွေသွားဝယ်ရဦးမာ.."

"ပုလွေသင်ခန်းစာက ပြီးသွားပြီမလား ....မင်းမသင်ရသေးဘူးလား"

နိုင်းနိုင်း မေးမိလိုက်သည်။

"အေး နည်းနည်းလေးနောက်ကျသွားတာ.....ပြီးတော့ ငါတာဝန်ကျတဲ့ဘက်က ကလေးတွေက သိပ်မပြည့်စုံကြဘူးဟ...ဝယ်နိုင်တဲ့သူကနည်းတယ်..တချို့ကလေးတွေဆိုကွာ ကျောင်းမလာခင် အလုပ်လုပ်ရတယ်... ကျောင်းကအပြန်ဆိုရင်လည်းအလုပ်လုပ်ရတယ်...တချို့ရက်တွေဆိုရင် အကျ်ီတောင်လဲမလာနိုင်ကြဘူး...တစ်ရက်လုပ်မှတစ်ရက်စားရတဲ့သူတွေအများကြီးပဲ"

"ဟုတ်လား.....အခုမင်းပိုက်ဆံနဲ့ဝယ်ပေးမာမလား...ငါရောစိုက်မယ်လေနော်... လှူတယ်လို့သဘောထားပေးပါနော်...ပြီးတော့လေ မင်းတို့ကျောင်းမှာ အာဟာရတွေနောက်ကျ လာကျွေးချင်သေးတယ်ကွာ"

နိုင်းနိုင်း သူစုထားသော ပိုက်ဆံများထဲမှ တချို့ကို စွမ်းထက်ကိုပေးလိုက်သည်။

"အေးအေး ရတာပေါ့ဟ.... အဲ့ကြမှပြောတော့ငါ့ကောင်... ငါအခုသွားတော့မယ်"

"အေးအေး ကျန်းမာရေးရောဂရုစိုက်နော်ငါ့ကောင်...နည်းနည်းချောင်ကျသွားသလိုပဲ"

"အေးပါ... ငါသွားပြီ"

နိုင်းနိုင်း စွမ်းထက်နိုင်နဲ့စကား​ပြောပြီးနောက် ဖေဖေနဲ့မေမေအားကန်တော့ကာ တိမ်လေးဆီသွားလိုက်သည်။

"သားအရမ်းမုန်းတယ် မတွေ့ချင်ဘူးလို့...အီးဟီး"

တိမ်လေး အခန်းတံခါးပိတ်ကာ အော်ငိုပြီးဂျစ်နေသည်။ နိုင်းနိုင်းလာတာမြင်ကတည်းက အခန်းထဲပြေးဝင်သွားတာ နိုင်းနိုင်းသိပါသည်။

ခိုနားရာ❤ (Completed) Where stories live. Discover now