အပိုင်း 14

2.6K 116 35
                                    

Unicode

အပိုင်း ၁၄

နိုင်းနိုင်းဝေ ရှိန်းအ​ရှေ့မှပြေးထွက်ပြီး ခြံအပြင်တွင်အုတ်နံရံအားမှီကာငိုနေသည်မှာ တော်တော်မျှပင်ကြာနေပြီဖြစ်သည်။ ရှိန်းအကြောင်းပြချက်မရှိ ဖောက်ကောက်နေသော ကလေးငယ်အားပစ်ထားမိသည်။ဒီဇင်ဘာကျောင်းပိတ်ရက်ဖြစ်သောကြောင့် နှင်းအပါအဝင် ကလေးများ ရှိန်းအိမ်တွင်အိပ်ကာအေးဆေးနေကြမည်ဖြစ်သည်။ ဒီဇင်ဘာပိတ်ရက်တွင် ကလေးငယ်များနှင့်အတူ ရုပ်ရှင်သွားကြည့်မည်ဟု ပေးထားသောကတိကြောင့် မနက်ဖြန်တွင် နှင်းတို့အဖွဲ့ သွားကြည့်ကြမည်။

"ရှိန်း နိုင်းနိုင်းကိုတွေ့မိသေးလား စောနာကတည်းကပျောက်နေလို့"

နှင်း ရှိန်းအားမေးလိုက်ခြင်းဖြစ်သည်။ရှိန်းမျက်နှာမကောင်းသည်ကိုမြင်ပြီးနောက် နှင်းအခြေအနေကို ကြိုတင်တွက်ဆမိပါသည်။ ရှိန်းနှင့် နိုင်းနိုင်းတသ်ခုခုဖြစ်ထားသည့်ပုံဟု သူသိလိုက်ပါသည်။

"ငို​ပြီးအပြင်ပြေးထွက်သွားတယ် သူဘာဖြစ်နေတာလဲဟာ"

"ရှိန်းရယ် နိုင်းနိုင်းအကြောင်းကို နင်သိရဲ့သားနဲ့
နင်ခေါ်လာတဲ့ကလေးကို သူကဘာသဘောမကျနေတာ ဖြစ်လောက်မယ်"

"နှင်းရယ် ငါရှင်းပြပြီးပြီလေကွာ တိမ်လေးရဲ့အဖေကိုတွေ့တဲ့ထိ ငါကစောင့်ရှောက်ပေးမာလို့ တိမ်လေးဘက်ကိုလည်းကြည့်ပါဦးဟာ"

ရှိန်း ခေါင်းရှုပ်နေလေပြီ။ နိုင်းနိုင်းဝေအား ဒီလောက်ကလေးဆန်လိမ့်မည်ဟု သူမထင်မိပါ။
နှင်းလည်း မတွေးတတ်တော့သည့်အဆုံး

"အင်းပါဟာ ငါလည်းမပြောပြတတ်တော့ဘူး၊
ခေါင်းမာပြီးဂျစ်တတ်တဲ့သူ့အကြောင်း နင်ရောငါရောအသိဆုံးပဲမလား "

"အေး ဒါပေမယ့် ဒီကိစ္စက သူဂျစ်နေစရာလိုလို့လားကွာ"

"ငါကလေးကိုသွားခေါ်လိုက်ဦးမယ် ရှိန်း သူနေကောင်းပျောက်တာသိပ်မကြာသေးဘူး ခဏခဏဖျားနေတာ ကလေးက နင်လည်းချော့ကြည့်ပါဦးဟာ"

"အေးပါ ဒီကိစ္စတွေ တိမ်လေးရှေ့လုံးဝမပြောမိ​ဖို့သတိထားကြမယ်နော်"

ခိုနားရာ❤ (Completed) Where stories live. Discover now