အပိုင်း 30

2.2K 86 31
                                    

အပိုင်း ၃၀

"ကိုကိုဇော် မမကိုပြန်မတိုင်ပါနဲ့နော်...နှင်းက သူငယ်ချင်းတွေခေါ်လို့လိုက်သွားတာပါ...."

ဇော့်နောက်သို့ တကောက်ကောက်လိုက်ကာ ချွဲနေသူမှာ နှင်းရူပါဦးဖြစ်သည်။
နောက်ဆုံးနှစ်ကျောင်းသားဖြစ်သည့်ဇော်က ဆရာကြီးဆရာမကြီးများနှင့် အတော်ရင်းနှီးနေပြီဖြစ်ပါသည်။
အတန်းလစ်ကာ လျောက်သွားနေသော နှင်းရူပါဦးတစ်ယောက် Roll Callမပြည့်သဖြင့် ဇော့်အသိဆရာမက ဇော့်အားပြောလေသည်။

"နှင်းရူပါဦး နင်သွားချင်ရင် ကျောင်းပိတ်တဲ့ရက်သွားလေ....ဘာကိစ္စ ကျောင်းချိန်တွေမှာ အတန်းလစ်နေတာလဲ....အခုRoll Callပြည့်လားပြော"

"ကိုကိုဇော် ညီမလေးတောင်းပန်ပါတယ်နော်....နောက်ဆုံးအခွင့်အရေးလေးပေးပါဦး"

"ငါ့ကိုဘာမှလာမပြောနဲ့... ငါဖုန်းဆက်မှာ..."

"ရား...စိတ်ပုတ်တာဗျာ အဲ့တာကြောင့် အခုထိ ရည်းစားမရှိနေတာ..."

နှင်းရူပါဦး ဇော့်ကိုကပ်ကပ်လန်အောင်ရန်တွေ့ပစ်လိုက်သည်။

"အေး တွေ့မယ်...."

ဇော် တီချယ် နှင်းခတ္တာဝေဆီ ဖုန်းဆက်လိုက်လေသည်။

"Hello ဇော်..."

ဇော် တီချယ်နှင်းအား အကုန်ပြောပြလိုက်သည်။

".........."

"နှင်းရူပါဦးဘေးမာရှိတယ်မလား...speakerဖွင့်လိုက်ဇော်"

"....."

"နှင်းရူပါဦး!!!!ဘာအချိုးချိုးတာလဲ....ဇော့်ကိုလည်းဘာလို့ကပ်ကပ်လန်ခံပြောနေတာလဲ...."

"...."

ဇော် သူရှေ့က သူ့ညီမအားကြည့်ကာ ခေါင်းယမ်းမိလိုက်သည်။
စောနာက သူ့အားကပ်ကပ်လန်ခံပြောသောပုံစံနှင့် လားလားမျှမသက်ဆိုင်။
နှုတ်ခမ်းကိုက်ကာ ငိုနေလေသည်။

"အေး ဒီအပတ်ပိတ်ရက် ငါလာကြိုမာ...တွေ့မယ်..."
...............

"ကလေးတို့ရေ ငါးကလေးတွေမြင်ဖူးကြလား...."

"ဟုတ် မြင်ဖူးပါတယ်ဆရာလေး...."

"ဟုတ်ပြီ... အဲ့ငါးကလေးတွေက ဘာနဲ့အသက်ရှူတယ်ထင်လဲ...."

ခိုနားရာ❤ (Completed) Where stories live. Discover now